သဘာဝ၏
ရွေ့လျားကောက်ကြောင်းတွေက ပန်းချီဆရာတွေကို ဘယ်လိုဆွဲဆောင်နိုင်သည် သူမသိ ။ အနောက်ဆီက
မှိုင်းညို့ညို့ မင်းဝံတောင်တန်းကြီးရယ်၊ ကျောက်မြောင်းမြို့ တစ်ဖက်ကမ်းရှုခင်း ရယ် ၊
ဧရာဝတီထဲက တံငါသည်တွေရယ်ကတော့သူ့ကိုဖမ်းစားနိုင် တာအမှန်ပင်။ ဒီလိုမှော်ဝင်ရှုခင်းတွေနဲ့စဥ့်ကူးနယ်ဟာ
မှော်ဝင်သော အလှပများပိုင်ဆိုင်ထားတဲ့ ကောင်မလေးနဲ့တွေ့ဆုံခွင့်ပေးခဲ့ပါ၏ ။
လက်ပံလှမြို့ဆိုတာ
ကြက်ပျံမကျနိုင်လောက်အောင် စည်ကားတဲ့ မြို့ငယ်လေးတစ်ခုရယ်ပါ ။ (ဘုရားပွဲဆိုရင်ပြောပါတယ်)။သူ့ရဲ့
ဇာတိချက်ကြွေမွေးရပ်မြေဆိုပါတော့…။ ပိုင်စိုး ဆိုသော လူငယ်လေး တစ်ယောက်၏ နှလုံးသားကို
တုန်ခါစေသော အလှပိုင်ရှင်သည် သူ တို့မြို့တွင်တာဝန်ကျသော
**************************************************************************
ရှုတိုင်းမှာလျင်
ပမာတင်သော်
ဘုံသွင် နတ်မျိုး
ရင်ဝယ်စိုး၍
ကကြိုးစုံညီ
နှစ်ပါးသီ သို့ ...။
***********************************************
အဲဒီနေ့က
နှင်းမှုန်စစ်တလင်းတစ်ခုထဲက နံနက်ခင်းတစ်ခုထဲမှာ အလင်္ကာတစ်စကို ကောက်ရမိတာပါပဲ။ နှင်းမြူတွေဆမ်းထားတဲ့
လာရာလမ်းကလေးတစ်ခုမှာ အလင်္ကာကို ကျွန်တော်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ် ။ အဖြူအစိမ်းနဲ့
ပါးပြင်မှာသနပ်ခါးပါးပါးလိမ်းထားတဲ့ ဆရာမလေးကို ကျွန်တော် ဒီနေရာမှာအရင်က မမြင်ဖူးခဲ့ပါဘူး။
စိမ်း နေခဲ့တယ်ဆိုပါတော့…။
“
ဒါငါတို့ကျောင်းကို အသစ်ပြောင်းလာတဲ့ ဆရာမလေး လေကွာ ။ အလင်္ကာ တဲ့ ” လို့သူငယ်ချင်းတွေပြောမှ
သိခဲ့ရတယ် ။ အလင်္ကာ တဲ့လားကွယ် ။ ကဗျာဆန်အောင်လှရက်လွန်းပါရဲ့ ။ ကျွန်တော့်တစ် သက်မှာ
ဘယ်မိန်းကလေးကိုမှ ရီဝေစွာငေးမကြည့်ခဲ့ဖူးပါဘူး ။ အခု မင်းနဲ့တွေ့မှ ငေးကြည့်နေရပြီ
မိလင်္ကာ….။ ကျွန်တော် ဟာနာမည် နဲ့လိုက်အောင် ပိုင်စိုး ပိုင်နင်းနိုင်စွာ တစ်ဖက်သက်ကို
မိလင်္ကာ လို့ ပညတ် လိုက်မိပါပြီ ...။
ဒီလို နှင်းငွေ့တွေခြုံလွှမ်းထားတဲ့ နေ့တစ်နေ့မှာမိလင်္ကာကို
ကျွန်တော် ချစ်မိသွားပါပြီ ။ ကဗျာမဆန်စွာ ၊ ဝတ္ထုမဆန်စွာနဲ့ တစ် ဖက်သတ်ချစ်မိသွားတာပါ
။မိလင်္ကာမှာ ချစ်သူရှိနေရင်တောင် မှ ကျွန်တော် မိလင်္ကာရဲ့ ဆံနွယ်တစ်ခက်ကို ချစ်တဲ့အချစ်လောက်ပဲ
ရှိမှာပါလေ…။ လိုတောင် လိုပါလိမ့်ဦးမယ် ။
“ ဆရာမလေးက ယဉ်ယဉ်လေးနဲ့ချောတယ်ကွာ…”
“ အေးကွာ … မျက်နှာလေးက ဝိုင်းစက်ပြီး အသားလေးကို
ဖွေးဥနေတာပဲ ချစ်စရာလေး ”
“ လမ်းလျှောက်တာလေးကိုက ဆင်မယဉ်သာလေးကွ…”
ဒီလိုစကားတွေ သူများတွေပြောတဲ့အခါ ကျွန်တော် မဆီမဆိုင်မနာ
လိုဖြစ်ခဲ့ရတယ် မိလင်္ကာ ။ လက်ဖက်ရည်ဆိုင်တွေထဲမှာ ၊ ဘုံဆိုင် တွေထဲမှာ ၊ ဘိလိယက်ခုံတွေမှာ
မင်းရဲ့အလှတရားတွေကို အရသာ ခံရင်းပြောနေတဲ့အသံတွေ ကျွန်တော်အလွန်မုန်းတယ် မိလင်္ကာ ။
မင်းကို ကျွန်တော်ကလွဲပြီးဘယ်သူမှ မချစ်ရဘူး ။ မပိုင်ဆိုင်ရဘူး ။ ဒါဟာ မင်းအပေါ်ထားတဲ့
ဖြူစင်သော အတ္တပဲပေါ့ မိလင်္ကာရယ်…။
*************************************************************************
မင်းဟာ ...
အလင်းအိမ်လေးလို
နှင်းအိမ်လေးလို
လင်းပ ၊ အေးမြ တဲ့
နတ်ဘုရားမလေးပေါ့ကွယ် ။
***********************************************
နေ့ရက်တွေ
တိုက်စားနေတာနဲ့အမျှ မင်းကိုပိုချစ်နေမိပြီ မိလင်္ကာ ။
တိုးတိတ်စွာ
တစ်ဖက်သတ်ချစ်နေကြောင်းကို ကိုယ်ကလွဲပြီး မင်းသိ ရင်သိပ်ကောင်းမှာပဲကွယ် ။ မင်းကတော့
ရိုးရာအခြေအနေအတိုင်း အဖြူအစိမ်းလေးရယ် ၊ လက်ဆွဲခြင်းလေးရယ် ၊ ခေါင်းပေါ်က နှင်းဆီ အဝါလေးရယ်
လှလို့ နုလို့ပေါ့ကွယ် ။
သြော်…ပြောရဦးမယ်
မိလင်္ကာ…။ ကျွန်တော်တို့ခြံထဲမှာ မင်းကြိုက် တတ်တဲ့ နှင်းဆီအဝါ လေးတွေတောင် ပျိုးထားတယ် ။ အဲဒီအပင် လေးတွေက ပွင့်လာမယ့်ပန်းဦးလေးဟာ
မင်းအတွက်ပဲပေါ့ကွယ် ။ ကျွန်တော်ပျိုးတဲ့ နှင်းဆီဝါလေးတွေပန်ထားမယ့် မင်းကို နေ့စဉ်အိမ်
မက်ထဲမှာ ရှာဖွေနေရတာလဲ မမောတမ်းပါပဲ ။ ပြီးတော့ မိလင်္ကာနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်ကဗျာလေးတွေတောင်
ရေးတတ်နေ တယ် ။ တစ်နေ့နေ့တော့ ရွတ်ပြခွင့်ကြုံပါလိမ့်ဦးမယ် ။
(အိမ်မက်
၁။ ။ ဆောင်းရာသီတွေအပြိုင်းအရိုင်း ပွင့်ဝေနေတဲ့  နှင်းစက်တွေကြားမှာ လရောင်ကိုဖူးခွင့်မသာခဲ့ဘူး
မိလင်္ကာ ။ ဘာ အတွက် နှင်းဆီဝါတွေဟာခေါင်းပေါ် ရှင်သန်လွင့်ဝဲနေခဲ့ပါသလဲ ။ တစ်ဘဝလုံးမှောက်ကျသွားတာတောင်မှ တစ်နေရာစာလောက်
မက် မောချင်နေတုန်းမှာပဲ အပြီးသတ်ပိတ်ဆို့ခံခဲ့ရပြန်တယ် ။ ဒါပေမယ့် ချစ်မြတ်လွန်းလို့
နစ်မွန်းသွားတဲ့လူသားသမိုင်းမှာ အရိုင်းတစ်
ကောင်အဖြစ် ကိုယ်ပျော်ရွှင်တတ်လာပြန်တယ် ။ ကိုယ်လေ…….။ ကိုယ်လေ... မင်းကို ဘယ်လောက်ချစ်ကြောင်း
လွမ်းကြောင်းတွေ ကလွဲရင် အရာရာဖယ်ကျဉ်မိပြန်ရဲ့ ။ သိလား….။ မင်းအကြောင်းကို ပဲ ရေးထိုးထားတဲ့
ကိုယ့်အဘိဓာန်ဟာ ပန်းဘာသာတွေ ပျော်ဝင်နေ ခဲ့ပါပြီ ။ ဒီလောက်ပါပဲ…။ မင်းရယ် ၊ မင်းရယ်ကလွဲရင်
ကိုယ်အတွေး ဟာ ဘာမှလက်မခံတော့တာလဲ ထူးဆန်းနေပြန်ရဲ့ ။ ဒီလောက်ပါ ပဲလေ….။)
တိုင်တည်တေးတစ်စနဲ့
အိမ်မက်တွေပြန်ဆယ်ရတော့မယ် မိလင်္ကာ
ရေ…။
မင်းမသိခဲ့ပါ….။ မင်းကိုချစ်မိကတည်းက ကျဆုံးခဲ့တာ မင်းမ သိခဲ့ပါပေ…။ စိတ်ကူးယဉ်ခြင်းတွေကို လက်တွေ့အကောင်ထည် ဖော်ဖို့
ကြိုးစားတိုင်း အားအင်မရှိခဲ့တာလဲ မင်းမသိခဲ့ပါ မိလင်္ကာ ။ ဒါပေမယ့်ကွယ်….။
“
ချစ်မိသောသူသည် လောကတွင်စစ်အရှုံးဆုံးလူသားမည်၏ ”တဲ့။ မှန်၏…။ အသည်းနင့်အောင် မှန်ပေ၏…။
လက်ပံလှ
အ.ထ.က ၏ ကျောင်းတံခါးဝတွင် နေ့စဉ်ရက်ဆက် လာ ရပ်နေသောလူသားတစ်ယောက်ကို သတိထားမိပါသလား
မိလင်္ကာာ ရေ…။ အဲဒီလူဟာ မင်းကိုချစ်နေတဲ့ ကိုယ်ပဲပေါ့ကွယ် ။ ကျွန်တော် မိလင်္ကာကို စကားစပြောဖို့ကြိုးစားတိုင်း
ကျရှုံးနေရတဲ့ စစ်ရှုံးသုံ့ပန်း တစ်ယောက်ပေါ့လေ…။ ဒါပေမယ့်…..
“
မင်္ဂလာပါဆရာမ…”
“
ဟုတ်ကဲ့ မင်္ဂလာပါရှင်…”
ကျွန်တော်
အားတင်းနှုတ်ဆက်လိုက်တိုင်း ပြန်နှုတ်ဆက်သွားတဲ့ မင်းအသံကြားရင် အဲဒီတစ်နေ့လုံးအိမ်မက်တွေ
လှ လို့ပေါ့ကွယ် ။
နေ့စဉ်ဒီလို
နှုတ်ဆက်စကားပြောဖို့ ကျွန်တော်ဘယ်လောက်အား တင်းခဲ့ရသလဲ ဆိုတာ သိရဲ့လား မိလင်္ကာ…။ မင်းထံသက်ရောက်
နေတဲ့ ကျွန်တော့်မျက်လုံးတွေထဲက ချစ်ခြင်းတရားကို ဘာသာပြန် ကြည့်ပါဦး ။ အနက်ကိုဖွင့်ဆိုနိုင်ပါစေ…..။
***********************************************
“
ဟေ့ကောင် ပိုင်စိုး မင်းချစ်လှပါချည်ရဲ့ဆိုတဲ့ မိလင်္ကာ ဘယ်မှာနေ လဲဆိုတာ သိရင် မင်းအံ့သြသွားလိမ့်မယ်မောင်
”
အို….
ဟုတ်ပေသားပဲ ။ သူဘယ်မှာနေလဲဆိုတာ ကျွန်တော်သိဖို့
မကြိုးစားမိသေးဘူးပဲ
။ ကြည့်စမ်း…။ မေ့နေလိုက်တာ…။
“
အေး …လုပ်စမ်းပါဦး ။ သူဘယ်မှာနေလဲဟင် ”
“
ဘာအခုမှ ဘယ်မှာနေလဲလုပ်နေ ။ သူက သက်ထားတို့အိမ်မှာ တည်းသတဲ့ဗျာ…။ ”
“
ဟိုက်… ငါအဲဒါမေ့နေတာဟ ။ အတော်ပဲ…”
သက်ထား
ဆိုတာသူ့ရဲ့ပြောမနာ ဆိုမနာသူငယ်ချင်းအရင်းခေါက် ခေါက်ကြီးပါ။ ဒါဆိုရင်တော့ ပွဲကလှပြီလေ…။
သက်ထားတို့အိမ်ကိုအလည်သွားတော့
သူမကိုတွေ့ပါ၏ ။
“
ဘယ်ကမျက်စိလည်ပြီးအခုမှလာတာလဲကိုယ်တော် ”
“
သံသရာလည်လာတယ် ဆိုပါတော့ ”
“
ဟင်း…ငါသိတယ်နော် နင်ဆရာမလေးလာရှိုးနေတာမဟုတ်လား။ အဲဒါ ငါတို့ဇာတိကဟဲ့ အမျိုးမကင်းဘူး
”
“
ဒါဆိုနင်နဲ့ငါနဲ့အမျိုးတော်ရမှာပါ ။ မကြာပါဘူး ”
“
ကောင်စုတ် ”
မျက်စောင်းထိုးရင်းပြောနေသောသက်ထားကိုခေါင်းခေါက်လိုက်
ရရင်မကောင်းရှိရော့မယ် ။ ဒါပေမယ့် သူနဲ့အဆင်ပြေမှ ဆရာမလေးနဲ့အလားလာကောင်းမယ် မဟုတ်လား
။ အဲဒီနေ့ကမိလင်္ကာနဲ့ ကျွန်တော်မတွေ့ခဲ့ရပါဘူး
။ အခန်းထဲမှာအိပ်နေတယ် တဲ့ ။
>>> ရှေ့လဆက်ရန် >>>