ကဗျာလင်္ကာ
ဟူသည်ကား လူတို့နေ့စဉ် သုံးစွဲပြောဆိုနေသော သာမန်စကားများကို တေးဂီတပမာ
ပြေပြစ်ချောမောစွာ ချိုသာငြိမ့်ငြောင်းအောင်စီကုံးရေးသား ထားသောစာ ဖြစ်သည်။
ထို့ပြင် ပဒဒေါသ၊ ဝါကျဒေါသ စသော ဒေါသတို့မှ ကင်းလွတ်၍ ပသာဒဂုဏ်၊ ဩဇဂုဏ်စ
သော ဂုဏ်တို့နှင့် ပြည့်စုံအောင် ဖွဲ့သီကုံးသမျှသော သက္ကဋဘာသာ မဂဓဘာသာတွင်
ဂါထာ၊ မြန်မာဘာသာတွင် လင်္ကာသီချင်းများကို ကဗျာလင်္ကာဟု ခေါ်ဝေါ်ကြသည်။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
ကျွန်တော်နှင့် ကဗျာဆိုသော အနုပညာ ( အပိုင်း - ၂ )
By Admin
10:48 AM //
ကဗျာမဆန်တော့ဘူးလား
______________________
ကဗျာတစ်ပုဒ်သည် ကဗျာဆန်၏ ... မဆန်၏ .... ။ ဒါဆို
မြန်မာကဗျာနယ်ပယ်ကို လေ့လာကြည့်ကြပါစို့ ။ ကဗျာ
အကြောင်းကိုလေ့လာလျင် ခေတ်စမ်းစာပေကိုတော့ချန်
လှပ်ထား၍ မရနိုင်ပါ ။ ယနေ့လူအများစု အငြင်းပွား ကြ
သည်က စကားလုံးလှလှလေးတွေ ၊ နုနုရွရွလေး တွေ
အသုံးပြုထားသည့် မြန်မာကဗျာအဖွဲ့များကသာ ကဗျာ
ဆန်သည် ။ မော်ဒန်ကတော့ ဖတ်ရတာနားမလည်၍
ကဗျာမဆန် ။ စသည်ဖြင့်... လူအမျိုးမျိုး ၊စိတ်အထွေထွေ
ပင် ။
ခေတ်စမ်းစာပေကို ဆရာဇော်ဂျီ ၊ မင်းသုဝဏ် ၊ စသည့်
အွန်လိုင်းလူငယ်ကဗျာစကားဝိုင်း
By Admin
11:08 AM //
ဆရာအောင်ရင်ငြိမ်း မေးပြီး လင်းလက်တာ၇ာ ဖြေဆိုပါတယ်
By: လင်းလက်တာရာ
မေး ၁။ အောင်ချိမ့်အစ မိုဃ်းဇော် အဆုံး ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက
အနုပညာသြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့
ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေ
ဆက် မဖန်တီးနိုင်တော့ဘဲ
ခေတ်ပေါ်ကဗျာအဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။ အာရုံခံစားပုံ လတ်ဆတ်ပြီး လူငယ်ဆန်တဲ့ နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊ နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊
ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ကိုရွေး သူတို့ကတော့ ခြွင်းချက်ပေါ့လေ။ ကဲ ညီလေးတို့ အမြင်ကို ပြောပါဦး။

Subscribe to:
Posts (Atom)