အချစ်ဆိုတဲ့ ကံဝဋ်နာ

တမြေဆီ အလွမ်းရောက်ပေမယ့် 
မြေနီနီ လမ်းတစ်လျှောက်မှာတော့
ပန်းပိတောက်တွေက ဝေဝေဆာ ။


ထားခဲ့သူ မြင်လှည့်စမ်းပါတော့
ကျွမ်းမယ့်လူ ဒဏ်ရာလိမ်းကျံရင်း
စိမ်းသံသရာ သခင့်ငြိုးချက်မှာ
မတိုးထွက်သာ အရှုံးသမားအဖြစ်
ဪ .... မုန်းသွားရစ်ပါ ။

ချစ်မိသူက ကျွန်တော်ပါ
အဖော်ကွာ လွမ်းသင့်ရူး ။

အတည်တကျ အမုန်းတွေလည်း
ဒီဘဝတုန်းပါစေတော့ သခင်ရဲ့ ၊
ရာဇဝင် ကျောက်စာအသစ်မှာ
ကဗျာရှင် အပျောက်ရှာရစ်နေမယ်ကွဲ့
ပိတောက်လွှာအဖြစ် တနွေနန်းမှာပဲ
ကြွေနွမ်းကာ အသည်းသက်လွင့်လူးရင်လည်း
( ခင့်ကြောင့်ရယ်လို့ )
စွဲချက်တင်ဘူး ။

မင်းခသူ