ကားမှတ်တိုင်တွေမှာ
ဘုံဆိုင်တွေထဲမှာ
နေရာတကာမှာ
မမ အကြောင်း
ခေါင်းစဉ်များစွာ .....
ကျော့ရှင်း ဖြူ ဝင်း
ခြောက်ပြစ်ကင်းသော မမ
ဆင်မယဉ်သာခြေလှမ်းနဲ့
ကုဋေတသန်းတန်သူ မမ
အဲဒီ မမဟာ
ကျွန်တော့်ဘဝကို အပိုင်ရတယ်
ကျွန်တော့်စိတ်ကို အပိုင်ရတယ်
နောက်ပြီး ...
ကျွန်တော့်အိမ်မက်ကို အပိုင်ရတယ်
ဘုံဆိုင်တွေထဲမှာ
နေရာတကာမှာ
မမ အကြောင်း
ခေါင်းစဉ်များစွာ .....
ကျော့ရှင်း ဖြူ ဝင်း
ခြောက်ပြစ်ကင်းသော မမ
ဆင်မယဉ်သာခြေလှမ်းနဲ့
ကုဋေတသန်းတန်သူ မမ
အဲဒီ မမဟာ
ကျွန်တော့်ဘဝကို အပိုင်ရတယ်
ကျွန်တော့်စိတ်ကို အပိုင်ရတယ်
နောက်ပြီး ...
ကျွန်တော့်အိမ်မက်ကို အပိုင်ရတယ်
ကျွန်တော်နဲ့ သူငယ်ချင်းများစွာ
မမအလှမှာ ငြင်းကြ ခုန်ကြ
တစ်ချို့က နတ်သက်ကြွေကျ
မဟုတ်ဘူး ...
တစ်ချို့က အချစ်နတ်ဘုရားမ
ဘာပဲဖြစ်ဖြစ်
မမက အလှစစ်တို့သခင်မ ။
ကျွန်တော်ကဗျာရေးတဲ့ည
ကာရန်တွေချပြသွားလေရဲ့
ကာရန်တွေ လှပသွားလေရဲ့
လမင်းထံပါး ဆုတောင်းစကား
သူနဲ့ ပေါင်းရစေသား
ကျွန်တော်က အတ္တများတယ်လေ
ကျွန်တော့်မမက
အလှကုန်မိတ်ကပ်နဲ့
ကလပ်တက်တဲ့ မမ မဟုတ်
မာန်တစ်ခွဲသားနဲ့
ပဲများတတ်တဲ့ မမ မဟုတ်
သူမရုပ်ရည် လမင်းမည်သော
သို့မဟုတ် ....
အေးချမ်းသော မမ မျိုးသာဖြစ်တယ် ။
ဘုရင်ခေတ်
အာဏာရှင်ခေတ်
ဒီမိုကရေစီ ခေတ်
ခေတ်အဆက်ဆက်မှာပင်
ယဉ်လှတဲ့ ဣနြေ္ဒရှင် မမ
ကျွန်တော့်ဘဝလဲ ဖြစ်တယ် ။
သူမအကြောင်းကို
စာလုံးပေါင်းဖို့မေ့အောင်လှတဲ့
မမရဲ့ ခြေကြွခအဖြစ်
နှလုံးသားအဆစ်ပေးထားတယ်
လာပါ မမ
ဟောဒီ နွမ်းလျပင်အတွက်
ခဏအသက်ဆက်ဆေးပေးပါ
လာပါ မမ
ဟောဟို ကြယ်တွေကြွေသည်အထိ
နွေညတွေ ခြွေပစ်လိုက်စမ်းပါ
ကျွန်တော် ကဗျာမရေးတဲ့ည
အပြာရောင်ဆေးသားများနဲ့
မမအကြောင်း စိတ်မှာရေးမှတ်
ကျွန်တော့်အိမ်မက်မှာ ကပ်ထားတယ်
ချစ်မြတ်သော မမအတွက်
ဟောဒီ သနပ်ခါးခက်လေး
ကျွန်တော့်အချစ်နဲ့ ဆေးထားတယ်
မမ ပန်ပါ ဆင်ပါ နမ်းပါ
မနွမ်းခင်အထိပါပဲ ...
ကျွန်တော်က ကမ်းပေးထားဆဲမှာ
မမမျက်နှာလွှဲသွားတယ်
................................
အဲဒီ ငြင်းချက်ရာဇဝင်ကိုတော့
သမိုင်းဝင်အောင် ရေးခြစ်ရပါဦးမယ်....
ပိုင်ဆိုင်လိုမှုမရှိတဲ့
ကျွန်တောင်အချစ်အကြောင်း
မမသိအောင်....
ခေါင်းလောင်းထိုး၍ ဆုတောင်း
ပန်းအပေါင်းတို့
ဝမ်းမြောက်ဝမ်းသာဝပ်စင်းကြွေကျ
ချစ်သောမမရဲ့ ခြေတော်ရင်းမှာ ...
....................................................
မင်းခသူ (ကဗျာ Diary)