ဘယ်ကျောက်စာကမှ ပြဌာန်းမထားတဲ့
အမုန်းတရားတွေကြား ..... ငါနေတယ်
လရောင်ကိုမြင်မှ
လွမ်းရတာအရသာမရှိပါဘူး
ဆူးတစ်ချောင်းလို ဟန်လုပ်ချွန်မြ
ခုနှစ်ထွေအကနဲ့လဲ
လောကဓံကို ကပြခဲ့ရ
(ခဏ ခဏ)
အမုန်းတရားတွေကြား ..... ငါနေတယ်
လရောင်ကိုမြင်မှ
လွမ်းရတာအရသာမရှိပါဘူး
ဆူးတစ်ချောင်းလို ဟန်လုပ်ချွန်မြ
ခုနှစ်ထွေအကနဲ့လဲ
လောကဓံကို ကပြခဲ့ရ
(ခဏ ခဏ)
အုံ့ပုန်းသစ်ပင် ၊ ရာသီခွင်တိုင်း
ရင်မှိုင်းမှိုင်းညို့ ၊ ငှက်ငယ်တို့ရေ
သင်းကွဲလေတိုင်း ပြန်လာပါ .....
ခေါ်နေဆဲ
တစ်ယောက်ထဲ တဂိုးကဗျာတွေရွတ်ဖတ်
ကြိုးမပါတဲ့ ကကွက်နဲ့လဲ ပျော်နေဆဲ ...
တစ်ခါတစ်လေကလို တစ်ကိုယ်ထဲပါပဲလေ...
ချစ်ခြင်းတရားဆိုတာ
ဘုရားသခင်ဖန်ဆင်းထားတဲ့အရာမဟုတ်
မာယာတွေမှုတ်သွင်း ... ငြင်းပယ်ရက်သော
အို ... တနင်္ဂနွေလို ကောင်မလေး ရေ ....
အမှောင်မကျသေးခင် ငါ့ကိုခေါ်ပါလှည့် ။
လွင့်သောတိမ်တိုက်အတွက်
အမိုက်ဆုံးလူသားအဖြစ်
ကိုယ့်ကိုယ်ကို ဖန်ဆင်းပစ်ခဲ့ရ
အဲဒါ ...
တစ်ခုသော ဆောင်းညက , စတယ်
စိတ်တစ်ချို့တစ်ဝက်က
သူ့ ဆံနွယ်တို့ဆီမှာ
တစ်ချို့တစ်ဝက်က
သူ့ ပါးပြင်လေးပေါ်မှာ
တစ်ချို့တစ်ဝက်က
နှင်းဆီဝါဝါတို့ဆီမှာ
ရသမပါတဲ့ ကဗျာတွေရေးရင်း
ကြွေဆင်းသွားရှာတဲ့ ကြယ်မှုန် ကြယ်မွှား
တစ်ယောက်သောသူအနားမှာ
လင်းသွားချင်ခဲ့တာလဲ စေတနာပေါ့
မင်းခသူ (ကဗျာ Diary)