မြန်မာ့အရုဏ်တေး

မင်္ဂလာ နံနက်ခင်းပါလို့
အစဉ်လာ မပျက်ယွင်းပါဘူး
နေမင်းဝါ တောင်တော်စွန်းဆီက
နှုတ်ခွန်းဖြာ လာခဲ့ပြီထင့်
အို ... နီရင့်ရင့် အလင်းဆောင် ။

အာရုဏ်ဖျိုးဖျပြီမို့
သဒ္ဓါအကုန်နိုးထ ဆွမ်းချက်သူနဲ့
လင်းကြက်သံ မင်္ဂလာတေးရယ်က
သွင်းချက်မှန် အသွင်ဟာအေးပါဘိ
အစဉ်လာလေးနဲ့ ကြေးစည်သံကိုလ
အေးကြည်ပြန် နားဝင်ချိုမြပါပေါ့ တဲ့
မြန်မာ့ဟန် ချစ်စရာဓလေ့ပေမို့
နှစ်သဒ္ဓါတွေ့ကာ ကြည်မွေ့အောင်ပ
(အိုကွယ် မြန်မာရဲ့ .....)
ပီပေ့ဂုဏ်ရောင် ။

အသွားမြန်ပုံ သြချလောက်ပါတဲ့
နွားကြန်စုံ ချောအလှတစ်ရှဉ်းကိုလ
မင်းလွင်မြူ တစ်မိုးမသောက်ခင်ပဲ
ရိုးတစ်လျှောက်ကိုတဲ့ ရောက်ဖို့ဆောင်
( ကွယ်တို့ရေ ..... )
သွားစို့မောင် တို့ယာခင်း ။

သြော် ... ပြည်မြန်မာဝယ်
ကြည်သာဖွယ် စိတ်နှလုံးရယ်နဲ့
ရည်ကာရွယ် မပိတ်ဖုံးတာက
နိဗ္ဗာန်ဆုံးတိုင် ပြု ကြလေတဲ့
ကုသလဝေ လှူ မပြတ်ပါဘူး
သူမြတ်တွေ သာဓုခေါ်သံဝေလို့
ပမာပြုသော် ဒေဝါတေးလိုပ
စေတနာလေးတွေ တဝေဝေကြောင့်
အထွေထွေ သာယာလှလေငဲ့
မြန်မာဗျ လို့ အော်ကာကြွားချင်ရဲ့
( အဆွေရေ ...) အားတက်မိခြင်း ။

ချစ်သော သူငယ်ချင်းများအားလုံး မင်္ဂလာနံနက်ခင်း
ပါခင်ဗျ ။ ဆန္ဒ နဲ့ ဘဝ တစ်ထပ်တည်းကျ ကြပါစေ ။

မင်းခသူ (ကဗျာ Diary)