ရတက်တော်လှိုင်ကြွလို့
မစက်ပျော်နိုင်တဲ့ညမှာ
အ,ကာလအလွမ်း ဆက်ခဲ့ပြီ ။
ခဏတာ ရွယ်တမ်းရုံနဲ့
လမသာ ကြယ်ပန်းမစုံတဲ့
မှုန်ရီလဲ့ မျက်ရည်ညမှာ
အလှကဗျာ အလျင်းမရှိတာလည်း
မင်း ... သိပါမည် ။
ဆုံးတသက်တာ
ဘုန်းလက်ျာ မမှေးစက်လို၍များ
မုန်းရက်ကာ ပြေးထွက်ခဲ့သလား
အလွမ်းဇာတ် တခန်းအသိမ်းမှာ
အနမ်းစိမ်းစိမ်း ... စိမ်းမြရည်
ယိမ်းကချေသည် မင်းသမီး ။
ဪ ...
နှလုံးသား ရုပ်နာမ်ယွင်းပြီမို့
အမုန်းတရား သုသာန်တွင်းမှာ
အရှုံးတရား မြှုပ်နှံရင်း
သီချင်းနဲ့ တောင့်တရုံပင်
မင်းရဲ့ တစ်ထောင့်တစ်ညပုံပြင်
မယုံချင်ပေမယ့်
မကုန်စင်လေတဲ့
သံယောဇဉ် စောင်းကြိုးပြတ်ကို
နှိုးခတ်သူ သစ္စာအရင်းကြီးလည်း
အချစ်ရေ .... မေတ္တာအချည်းအနှီး ။
မင်းခသူ