ကြယ်ဟာ
အာဂျင်တီးနားမှာ မွေးပြီး
ဘိုလီးဗီးယားမြေမှာ ကြွေတယ်
ကြယ် ...
အာနက်စတို ချေ - ဂွေဗားရား ။
ဘိုလီးဗီးယားမြေမှာ ကြွေတယ်
ကြယ် ...
အာနက်စတို ချေ - ဂွေဗားရား ။
ကြယ်ဟာ
ဆရာဝန်တစ်ယောက်ပါ
လူတစ်ယောက်ရဲ့ရောဂါတွေကို
ကုသပေးဖို့ထက်
ကမ္ဘာကြီးရဲ့ရောဂါတွေကို ကုသဖို့
ရိုင်ဖယ်ကိုင်ခဲ့တဲ့ ကြယ်ပါ ။
ဆရာဝန်တစ်ယောက်ပါ
လူတစ်ယောက်ရဲ့ရောဂါတွေကို
ကုသပေးဖို့ထက်
ကမ္ဘာကြီးရဲ့ရောဂါတွေကို ကုသဖို့
ရိုင်ဖယ်ကိုင်ခဲ့တဲ့ ကြယ်ပါ ။
အာဂျင်တီးနားမှသည် ကျူးဘား
ကျူးဘားမှသည် ဘိုလီးဗီးယား ၊
ဘိုလီးဗီးယား၏ စာသင်ခန်းမှသည်
ကမ္ဘာအရပ်ရပ်မှ လူငယ်တို့ဆီသို့
လေးညှို့ဆွဲထွက် .... လာပြီ ။
ကျူးဘားမှသည် ဘိုလီးဗီးယား ၊
ဘိုလီးဗီးယား၏ စာသင်ခန်းမှသည်
ကမ္ဘာအရပ်ရပ်မှ လူငယ်တို့ဆီသို့
လေးညှို့ဆွဲထွက် .... လာပြီ ။
ချေ ...
တစ္ဆေတစ်ကောင်လို လက်တံရှည်လျား
ဂရမ်မာလှေကလေးနဲ့ သွားခဲ့ရာ ...
နေလောင်ပေါက်နဲ့ လယ်သမားတွေဆီ
ကျည်ဆံတွေကြားက ကြံခင်းတွေဆီ
ဘိုလီးဗီးယားက တောနက်တွေဆီ
ထို့နောက် ...
အံကြိတ်တတ်သူတို့ရဲ့ အိမ်မက်တွေဆီ
ဒဏ္ဍာရီလိုရောက်လာခဲ့ပြီး
ဒဏ္ဍာရီလိုတိုက်ပွဲတွေနွှဲခဲ့ပြီး
ဒဏ္ဍာရီလိုနေ့သစ်တွေ ဆောင်ကျဉ်းခဲ့
ခင်ဗျားကို ...
တောင်အမေရိကတိုက်က တစ္ဆေကြီးတဲ့
တစ္ဆေတစ်ကောင်လို လက်တံရှည်လျား
ဂရမ်မာလှေကလေးနဲ့ သွားခဲ့ရာ ...
နေလောင်ပေါက်နဲ့ လယ်သမားတွေဆီ
ကျည်ဆံတွေကြားက ကြံခင်းတွေဆီ
ဘိုလီးဗီးယားက တောနက်တွေဆီ
ထို့နောက် ...
အံကြိတ်တတ်သူတို့ရဲ့ အိမ်မက်တွေဆီ
ဒဏ္ဍာရီလိုရောက်လာခဲ့ပြီး
ဒဏ္ဍာရီလိုတိုက်ပွဲတွေနွှဲခဲ့ပြီး
ဒဏ္ဍာရီလိုနေ့သစ်တွေ ဆောင်ကျဉ်းခဲ့
ခင်ဗျားကို ...
တောင်အမေရိကတိုက်က တစ္ဆေကြီးတဲ့
ခင်ဗျားရဲ့သေနတ်တွေကထွက်လာတဲ့
သီချင်းသံဟာ ...
လယ်ယာတွေအတွက် မြေသြဇာဖြစ်သတဲ့
မျက်ရည်သုတ်သောလက် ဖြစ်သတဲ့
အလင်းရောင်အတွက်
ကြေငြာချက်လည်း ဖြစ်သတဲ့
ချေ ...
ဒီမြေမှာ ပန်းတွေမပွင့်သေးဘူး
လူငယ်တွေဟာ ခင်ဗျားရေခဲ့တဲ့
စစ်မှတ်တမ်းကြီးကိုင်လို့ ပန်းစိုက်ဖို့
ပြင်ကြတုန်း ရှိသေးရဲ့
ခင်ဗျားလာကြည့်လှည့်ပါ
အာနက်စတို ချေ - ဂွေဗားရား
ခင်ဗျားခံစားခဲ့ရတဲ့ ပန်းနာရင်ကြပ်ရောဂါလို
ခု ကမ္ဘာကြီးဟာ အမောဖောက်လို့
ခင်ဗျားရင်ဘတ်က ကျည်ရာ ၇ ပေါက်လို
ခု ကမ္ဘာမြေကြီးဟာ ထုတ်ချင်းပေါက်လို့ ။
သီချင်းသံဟာ ...
လယ်ယာတွေအတွက် မြေသြဇာဖြစ်သတဲ့
မျက်ရည်သုတ်သောလက် ဖြစ်သတဲ့
အလင်းရောင်အတွက်
ကြေငြာချက်လည်း ဖြစ်သတဲ့
ချေ ...
ဒီမြေမှာ ပန်းတွေမပွင့်သေးဘူး
လူငယ်တွေဟာ ခင်ဗျားရေခဲ့တဲ့
စစ်မှတ်တမ်းကြီးကိုင်လို့ ပန်းစိုက်ဖို့
ပြင်ကြတုန်း ရှိသေးရဲ့
ခင်ဗျားလာကြည့်လှည့်ပါ
အာနက်စတို ချေ - ဂွေဗားရား
ခင်ဗျားခံစားခဲ့ရတဲ့ ပန်းနာရင်ကြပ်ရောဂါလို
ခု ကမ္ဘာကြီးဟာ အမောဖောက်လို့
ခင်ဗျားရင်ဘတ်က ကျည်ရာ ၇ ပေါက်လို
ခု ကမ္ဘာမြေကြီးဟာ ထုတ်ချင်းပေါက်လို့ ။
ခင်ဗျားလာကြည့်လှည့်ပါ
အာနက်စတို ချေ - ဂွေဗားရား ။
အာနက်စတို ချေ - ဂွေဗားရား ။
K သူ