ဒီနွေမှာ
အလွမ်းတွေဝေမယ့်အကြောင်းကိုတော့…ပြောပြရပါဦးမယ်။
“ ကျွန်မကို
မနမ်းပါနဲ့လား မောင် …။ မကြိုက်ဘူး ” ဟုပြောသော
မိန်းကလေးအား
သင်တွေ့ဖူးပါသလား။ ကျွန်တော့်မှာတော့…
နွေဦးရွက်ဝါတစ်ချို့က
မြေမှာလွင့်ဝဲ။တပို့တွဲ-တပေါင်း ရာသီ နှောင်းနေ
တဲ့ဆောင်းဟာ နွေကိုပြောင်းနေပြီ ။ မှတ်မှတ်ရရ
သူမကို မေ…လို့စခေါ်
တဲ့နေ့က အချိန်ခါမဟုတ် မိုးတွေညိုနေလေရဲ့ ။
သူမကတော့
ကျွန်တော့်ကို မောင်…တဲ့လေ ။ သူမ ခေါ်တဲ့ မောင်က
ကဗျာမဆန်လှပေမယ့်
သူမအသံက သိပ်ကဗျာဆန်တာပဲ။ လေမှာဝဲ
နေတဲ့
သူ့ဆံနွယ်တွေထက်က ဖဲကြိုးအဝါလေးကလဲ …. ကဗျာဆန်
တယ်
။ ကမ္ဘာဦးကျမ်းထဲက မစားကောင်းတဲ့အသီးကို အဖြေတောင်း
တဲ့အခါမှာ
သူမကလဲ ပေးကောင်း အပေးကောင်းမှန်းမသိတဲ့ အဖြေ
ကိုပေးတယ်
။ “ ချစ်တယ် ” တဲ့ ။ ဒီလိုနဲ့ ကဗျာမဆန်စွာ
ချစ်သူတွေ
ဖြစ်ခဲ့ကြပြန်တယ်
။ အမှတ်တရအနေနဲ့ နွေရာသီရဲ့ တိမ်ပြာပြာနေ့
***********************************************
မျက်ဝန်းတွေက
နွေရာသီဆန်လွန်းတဲ့ကောင်မလေးကို မိနွေလို့အ
ရင်ကခေါ်ခဲ့ဖူးတယ်
။ သူမနာမည်က သံစဉ်နွေ…။ နွေရာသီသံစဉ်
တွေနဲ့
ကျွန်တော့ကိုလွမ်းဆွေးစေမယ့်သူဆိုတာ ကြိုများသာသိခဲ့
ရင်……………………………………….။
သူရော
ကျွန်တော်ရော မနှစ်ကမှ မြန်မာစာနှင့် ကျောင်းပြီးထားခြင်း
ဖြစ်သည်
။ သူမနှင့်က ဂုဏ်ထူးတန်းနောက်ဆုံးနှစ်မှာ စတွေ့ခဲ့ကြ
ခြင်းဖြစ်၏
။
ကျောင်းပြီးတော့
သူမက ကျူရှင်ဆရာမအဖြစ်အလုပ်ဝင်နေသည် ။
ကျွန်တော်က
စာရေးလိုက် ကဗျာရေးလိုက်နှင့် အလုပ်မရှာချင်သေး။
ဟိုစာအုပ်တိုက်သွားလိုက်
ဒီဂျာနယ်တိုက်ရောက်လိုက် တေလေလို
လေလွင့်နေ၏။ သို့သော် တစ်နေ့တစ်ခါတော့ သူမထံသို့ မပျက်မ
ကွက်
အခစားဝင်နေရပြန်သည် ။ အလုပ်များသည် ဆိုပါစို့….။
ယနေ့လဲ
သူမနှင့်တွေ့နေကျ တောင်သမန်ကမ်းခြေသို့ အမြန်ပြေး
ရပြန်သည်
။ နောက်ကျလို့ ရွှေစိတ်တော်ကောက်ရင် ခက်လှချည့် ။
တွေ့တော့လဲ
ထုံးစံအတိုင်းသူမက ခရမ်းပြာရောင်အဆင်နှင့် ဆံ
နွယ်ထက်က
ဖဲကြိုးအဝါလေးနှင့် ( ဆင်တိုင်းတင့်သား…) ။
“ရောက်နေတာကြာပြီလား
မေ ” ဟု မမေးဖြစ်ပါ ။ ကျွန်တော် လော
ကွတ်စကား
မဆိုတတ်မှန်း မေသိသည် ။ သူမကတော့ ….
“
မောင် ”
“
ဗျာ…မေ ”
“
ဟိုး…ဘက်က ဆိုင်မှာသွားထိုင်ရအောင်နော် ”
“
အင်း… သွားတာပေါ့မေ ”
ထုံးစံအတိုင်း
လူရှုပ်လှသောတံတားပေါ်တွင် မေက နေလိုဟန်မရှိ။
ဒါကြောင့် ဆိုင်ထိုင်ရန်ပြောခြင်းဖြစ်သည်။
ဦးပိန်တံတားကြီးကတော့
ဆည်းဆာရိပ်တွင်
လျောင်းစက်လျက်…။ ရုတ်တရက် ကျွန်တော့်
လက်ကိုလွှတ်ရင်း
စလင်းဘတ်အိတ်ထဲက မိုးပြာရောင်ခေါက်ထီး
လေးထုတ်ရင်း
ဖွင့်ဆောင်းနေသည်။
“
ဘာဖြစ်လို့လဲမေရဲ့ နေလဲမပူပဲနဲ့ကို ”
“
သြော်…မောင်ကလဲ ဟိုမှာနိုင်ငံခြားသားတွေ ဓာတ်ပုံရိုက်နေတယ်
လေ
။ တော်ကြာဓာတ်ပုံထဲပါသွားရင် ရှက်စရာကြီး ” တဲ့ ။ သူပြော
တော့လဲ
ဟုတ်နေတာပဲ။ နှစ်ယောက်သား ထီးကလေးကွယ်ဆောင်း
ရင်း
ဆိုင်တန်းတွေဘက်သွားကြ၏ ။ တံတားပေါ်မှ ငါးမျှားသူများကို
ကွေ့ပတ်လျှောက်နေရတာဆိုတော့
သိပ်ပြီးမလွတ်လပ်လှ ။
ဆိုင်ရောက်တော့
အအေးနှစ်ဘူးမှာသောက်ကြသည် ။ သူမကလဲ
Coke
ကျွန်တော်ကလဲ Coke ။ အကြိုက်ချင်းတူတော့ ဟုတ်နေကြ
တော့၏။
“
မောင်… ဒီနေ့ဘာကဗျာရေးထားလဲဟင် ။ မေ့ကိုပြပါဦး ”
“
အင်း…ရေးလာတယ်မေရဲ့ ခဏလေး ”
သူမနှင့်တွေ့တိုင်း
ကျွန်တော်ရေးထားသောကဗျာလေးတွေ ထုတ်ပြ
ရစမြဲ
။ကဗျာအကြောင်းနေ့စဉ်ဆွေးနွေးဖြစ်ကြသည်။ မနေ့ကရေး
ထားပြီးသားမရှိတာနှင့်
နတ်သျှင်နောင်၏ တင့်လှပေဟန် ပိုဒ်စုံရတု
ယူပြတော့
သူမကသိပ်မကြည်ချင် ။ “ မောင်ရေးထားတဲ့ မော်ဒန်
လေးတွေပဲ
ဖတ်ချင်သည် ” တဲ့။ ဒါနဲ့ ညကရေးထားသော ကဗျာ
လေးထုတ်ပြတော့
သူမစိတ်ဝင်တစားဖတ်ပါသည်။ ဒီလိုလေ…
တစ်ခါတွေးရင်
နှစ်ခါဆွေးလို့
အိမ်မက်တို့
ဆေးကြောခဲ့ရတယ်။
ဒါပေမယ့်…
မှုန်ရီတဲ့
ရနံ့တွေနဲ့
ညဟာ
သင်းပျံ့နေလေရဲ့ ။
ချစ်သူ့
ဆံကေသာလေးမှာ
ဖဲကြိုးအဝါလေးဖြစ်ချင်တဲ့ခါ
ကိုယ်ဟာ…
အလိုလိုချည်နှောင်ခံခဲ့ရသူပါ…။
ကဗျာကိုဆုံးအောင်ဖတ်ပြီးမှ
သူမက…
“
အဟင်း… လှတော့ လှသားမောင်ရဲ့ ”
“
သြော်… ချစ်သူချင်းကပ်မြှောက်နေပြန်ပါပြီ မေရယ် ။ ကဲ ဘာစားချင်လဲပြော ”
“
အံမယ်… ပြီးကျတော့ ဒီကပဲရှင်းရတာကိုများ ”
ချစ်စဖွယ်မျက်စောင်းလေးကို
“ ဟဲဟဲ ” ဟု ဇာတ်စောင်းခံ
လိုက်ပါသည် ။ ချစ်သူ့မျက်စောင်းပျံလေးက တွေ့ရခဲသည် မဟုတ်ပါလား
။
မန္တလေး၏
ညနေခင်းက ထုံးစံအတိုင်းလိမ္မော်ရောင်သန်းလျက်….။
ချစ်သူ့လက်ကလေးဆုပ်ကိုင်ရင်း
အိမ်ပြန်ချိန်နှုတ်ဆက်စကားဆိုရ
မှာကို
ကျွန်တော်ကြောက်သည်။ တီတီတာတာ ဖွဲ့နွဲ့တတ်သော
ချစ်သူ့နှုတ်ခမ်းလေးနှင့်
ဝေးရမှာကိုလဲကြောက်သည်။ သို့ပေမယ့်…
အိမ်ပြန်ချိန်တွေကို
ဘယ်သူတားဆီးနိုင်ပါအံ့နည်း ။
“
မေပြန်တော့မယ်နော် မောင်…မနက်မှတွေ့မယ် Bye ”
။
လက်ပြသွားခြင်း၏နောက်ဆုံးမှာ
သူမကိုယ်သင်းရနံ့တစ်ချို့သာ
ရစ်ဝဲကျန်ခဲ့လျက်…။
သူမခြေလှမ်းလေးများက အဖြူရောင်ဆလွန်း
ကားလေးဆီသို့…။
ကျွန်တော့်ခြေလှမ်းများက 125 Kenbo အနက်
ရောင်ဆိုင်ကယ်လေးဆီသို့…။
ဦးတည်ရာခြေလှမ်းတို့၏ ကွာခြား
ချက်သည်ကား
( မတွေးချင်တော့ပြီ…) ။
**********************************************
“
မင်းနန္ဒာ ဆောင် ”
အမရပူရမြို့၏
နာမည်ကြီးအဆောင်တစ်ခုမဟုတ်ပေမယ့် အတော်
အတန်သပ်ရပ်သော
အဆောင်ဖြစ်သည်။ ဒီမှာ ကျွန်တော်ရယ် ၊
မျိုးဆန်းရယ်
၊ စည်သူ ရယ်က ငါးယောက်ခန်းကြီးကို သုံးယောက်
အပိုင်စီးထားခြင်းဖြစ်၏
။ မျိုးဆန်းက ဂျာနယ်တိုက်တစ်ခုတွင်
Layout
Designer ။ သူက ဘောလုံးဝါသနာအိုးဆိုတော့ တစ်ခါ
တစ်ခါ
ဘောလုံးဆောင်းပါးများလည်းရေးသည် ။ စည်သူကတော့
ကျောက်ပန်းတောင်းသား
။ သူကအိုင်တီသမားလေ ။
ကျွန်တော်ရသော
စာမူခတွေက ပိုလျှံစွာမသုံးနိုင်ပေမယ့် လောက်ငှ
စွာသုံးစွဲနိုင်ပါသည်
။ စားတော့လည်းဖြစ်သလိုစားကြတော့ တော်ပါ
သေး၏
။ ယောက်ျားလေးတွေဆိုတော့ ချက်ပြုတ်ဖို့ကမလွယ် ။
တစ်ယောက်မှ
ဝါသနာမပါ….။
တစ်ခါတစ်လေ
ချစ်သူက “ မောင့်ကို သိပ်သနားတာပဲ ” ဟုပြော
တတ်သေးသည်။ ဒါကိုကျွန်တော်က မကြိုက် ။ သနားတာကို
မလိုချင်ပါ
။ ကိုယ့်ခြေထောက်ပေါ်ရပ်တည်၍ ကိုယ့်ထမင်းကို
စားရ
ခြင်းကို
ဂုဏ်ယူပါသည်။ ကြာတော့လဲ မကြိုက်မှန်းသိလို့
သူမပြော
တော့ပါဘူး
။
ညနေ ၅ နာရီခွဲနေပြီ…။ မျိုးဆန်းကတော့ ဂျာနယ်တွေတစ်ထပ်ကြီး
နှင့်
အလုပ်ရှုပ်နေသည် (သို့မဟုတ်) အရှုပ်လုပ်နေသည် ။ အဘယ့်
ကြောင့်ဆိုသော်
သူ့ဘေးမှာ ဘောလုံးမောင်းစာရွက်တွေ ရှိနေသော
ကြောင့်တည်း
။ ကျွန်တော်က သိပ်ဝါသနာမပါ ။ မနေနိုင်မထိုင်နိုင်
ကျွန်တော်
လောင်းတိုင်းရှုံးသည် ။ တော်ပါပြီ…. တာ့တာ။
စည်သူကလဲ
Laptop တစ်လုံးနှင့် အလုပ်ရှုပ်နေပုံရသည် ။
ဒါမှမဟုတ် အွန်လိုင်းမှာ ဖွန်ကြောင်နေပုံရသည် ။ ကျွန်တော်လဲ
ရေ
ချိုးခန်းထဲ
ထွက်ခဲ့ပါတော့၏ ။ ရေချိုး အဝတ်စားလဲပြီးတော့…
“
ကိုလင်းရေ… ထမင်းစားသွားမယ်ဟေ့ ” တဲ့ ။ မျိုးဆန်းက
လှမ်းအော်တယ် ။ မသိရင်အလှူအိမ်မှာ
သွားစားမယ့်အတိုင်း ။
အမှန်တော့ ကျွန်တော်တို့ အပြင်ဆိုင်မှာပဲထွက်စားတာများပါတယ်။
မနေ့က
မျိုးဆန်းမောင်းအောင်လို့ ဒီနေ့ “ ရာရှင်း ” မှာလိုက်ကျွေး
မယ်တဲ့
။ ပျော်တာ…။ ဟုတ်တယ်လေ ဒီကောင်ကျွေးတာ စားရခဲမျှ
မဟုတ်လား
။ ဒါနဲ့ လွယ်အိတ်လေး ကောက်လွယ်ပြီး ဆိုင်ကယ်
ကိုယ်စီနဲ့
စက်မှုလမ်းဆုံထွက်ခဲ့ကြတော့၏ ။ လမ်းပေါ်မှာတော့ အတွဲတွေ
ကိုယ်စီနဲ့ ရှုပ်ရှက်ခတ်နေလေရဲ့
။ဒါကလဲ မန်းရဲ့ အလှ တစ်ပါးပဲပေါ့လေ
။
“
ကိုလင်း ဘာသောက်မလဲ မှာလေ ”
“
စည်ပဲ သောက်တော့မယ်ကွာ…ပြီးမှစားတော့မယ် ”
စည်
ဆိုလို့ စည်သူက…
“
ဟေ့ကောင် ငါ့နာမည်မထည့်နဲ့ကွာ မြန်မာဆို မြန်မာပြော ” တဲ့ ။
ဒီလိုပဲ
တစ်ခါတစ်လေ ဒီကောင်က ဂျစ်ကန်ကန်ရယ် ။ ဆိုင်က
ကောင်မလေး
ဘီယာတစ်ဂျားလာချပေးတော့ မျိုးဆန်းက လက်အလှမ်း…
ကိုစည်က....
“
ဟေ့ကောင် ”
“
ဘာလဲဟ…”
“
မင်း မာကာမလုပ်နဲ့ ငါလုပ်မယ် ။ မင်းထည့်ရင် ငါတို့ခွက်ထဲမှာ
အမြှုပ်တွေချည်းရယ် … ပေးဒီကို
”
ဟုတ်တော့လဲ
ဟုတ်သား ။ မျိုးဆန်းထည့်ရင် အမြှုပ်တွေနဲ့ ။
သူ့ကျတော့ အရောင်ကို ကြည်မြလို့ ။
“
ခွေးကောင် ငါကလဲတိုက်ရသေးတယ်။ လာလာချည်သေး ” တဲ့ ။
သူ့ရဲ့
ထောပနာစကားကြောင့် ပြုံးရသေး၏ ။ စည်သူကတော့ ခပ်
တည်တည်ပင်
။
သုံးယောက်သား
တစိမ့်စိမ့်သောက်နေပေမယ့် အပိုစကားသိပ်မပြော
ဖြစ်ကြ
။ မျိုးဆန်းက ဘောလုံးဂျာနယ်ထဲ ခေါင်းနစ်နေ၏။ စည်သူက
ဖုန်းတစ်လုံးနှင့်
အလုပ်ရှုပ်နေ၏ ။ လင်းသူရက တဂိုးကဗျာစာအုပ်ထဲ
စိတ်နစ်လျက်
။ သူတို့သုံးယောက်ဘဝက ရိုးရှင်းအေးချမ်းလှသည် ။
လင်းသူရ၏
အတိတ်ကတော့ မအေးချမ်းခဲ့ပါပေ ။ တော်ပြီ အတိတ်
ကို
ပြန်မတွေးချင် ….။
အဆောင်လည်းမပြန်ချင်သေးတာနဲ့
အချိန်ဆွဲသောက်နေသည် ။
ဟိုနှစ်ကောင်က နည်းနည်းအရှိန်ရလာသည်လျင် ဂစ်တာဆွဲပြီး
Vocal
ဆိုးဆိုးကြီးတွေနှင့် Rock တွေဟစ်ကြတော့သည်။
Tempo မြင့်လာလျင် ပတ်ဝန်းကျင်က မေတ္တာပို့ကြတော့၏။
ကိုယ့်အနုပညာ
ထဲဈာန်ဝင်မရတော့
နားကျပ်တပ်ပြီးအိပ်ရသည့် ညပေါင်းများပြီ…။
တော်တော်ကြာမှ
မျိုးဆန်းက…
“
ကိုလင်း ထပ်မှာဦးလေ ။ ကောင်းနေပြီလား ”
“
တော်ပြီကွာ လေးဂျားကြီးတောင်မှ တော်သင့်နေပြီ ”
“
ဒါဆိုလဲ သဘောဗျာ ။ အကုန်အကျတောင်သက်သာသေးတယ် ။”
“
ဝမ်းသာမစောနဲ့ဦးငါ့ကောင် စည်သူက ကြက်/ခေါက် ပါဆယ်နှစ်
ပွဲဆွဲခဲ့ဦးမှာတဲ့ဗျ
”
“
အန် ”
“
ဟုတ်သလားဟ….”
“
ဘုရားစူးရစေရဲ့ Ruby တစ်ဘူးတောင်ပါသေးတယ် ”
တတ်လည်း
တတ်နိုင်တဲ့ စည်သူပဲ…။ ပါဆယ်ဆွဲ ငွေရှင်းပြီးဆိုင်က
ထွက်လာခဲ့ကြသည်
။ ခြေလှမ်းတွေက သိပ်မခိုင်ချင်…။
“
ဒီမှာရှင့် ”
ကျွန်တော့်နာမည် ဒီမှာရှင့်မဟုတ်၍ လှည့်မကြည့်ဖြစ်ပါ ။
“ ကိုလင်းသူရ ”
ဒီတော့မှ
ကျွန်တော်လှည့်ကြည့်မိသည် ။ နတ်သမီး အဲမှားလို့… အ
နက်ရောင်တပိုင်း
အဖြူရောင်တပိုင်းနဲ့ ကောင်မလေး ။ ဒီလိုပါခင်ဗျ
ဝင်းမွတ်ဖြူဆွတ်နေတဲ့
အသားအရေရယ် ။ အနက်ရောင်ဝတ်စုံအ
ကြပ်လေးရယ်
။ အဲဒါပြောတာပါ ။ ကျွန်တော်မူးနေလို့လားမသိဘူး
တော်တော်လှတယ်
။ ကျွန်တော့်ချစ်သူလောက်တော့မလှပါ ။ သူလေး
ကခေါ်တော်မူတော့လဲ…
“
ဗျာ…. အမိ ”
“ ဘာ အမိလဲ ။ ဒီက သက်ဝေရှင့် ”
မှတ်ထားပရိတ်သတ်
တစ်ခါတစ်လေ ရှေးတုန်းက အကွက်တွေက
နဲ့
နာမည်သိအောင်လုပ်လို့ရတယ် ခင်ဗျ ။
“
ဟုတ်ကဲ့ပြောပါ ဒီကသက်ဝေရှင့် ခင်ဗျ ” လို့ပြောလိုက်တော့…
“
သက်ဝေရှင့်မဟုတ်ဘူး သက်ဝေ…သက်ဝေ ” ။
“
ပြောပါ… သက်ဝေ…သက်ဝေ ”
အဲဒါမှ
တိုင်ပတ်ကုန်တာ ။ ဘေးကကောင်တွေကလဲ မျက်နှာကိုပျက်လို့ ။
ဝပ်ရှော့ပို့စရာတော့ မလိုဘူးထင်တာပဲ
။
ပြီးတော့
ဒီကောင်များနေပြီတဲ့ တိုးတိုးလေးပြောလိုက်သေးတယ် ။
ကောင်မလေးကတော့
စိတ်တိုသွားတယ်ထင်တယ် ။ ဘာမှဆက်မ
ပြောတော့ဘူး
။ ဒါပေမယ့် ဆက်ပြောတယ်….
“
ဒီမှာ ရှင်ပေးတဲ့ ရည်းစားစာ အဲ…ရည်းစားကဗျာ ”
“
ခင်ဗျာ ကျွန်တော်မပေးမိပါလားအမိရယ် အဲ…မသက်ဝေရယ် ”
“
ဘာစားပြီးနားမလည်လုပ်နေတာလဲ ရော့ ကိုယ့်စာကိုပြန်ဖတ်ဦး ”
တဲ့
။ ဒါနဲ့ စာရွက်လေးယူပြီးဖတ်ကြည့်လိုက်တော့….
“
မကြင်သူ သက်ဝေ ”
သတိရသူဆွေးပြန်ပေါ့
နှလုံးသွေး
ဆူကာဝေ…။
ရင်မှာလေ
နွေတစ်သောင်း
လွမ်းနေကြောင်းသိပါစေ….။
ဖြေမပြေ
ရင်မှာခက်လို့
နွေကုဋေ
ရတက်ဗျာပွေ
ကြင်သူမေ
ဘယ်မှာလဲ ။
စိမ်းရက်သူ
ခင်
ပြစ်မမြင်
ကြင်နာမြဲပါပဲ
ရင်မှာစွဲ
လွမ်းမျက်ရည်
မောင့်သက်ဝေ
စိမ်းသူကြီးမှာတော့
(
သြော်…)
တိမ်းရက်နေဆဲ…။ ။
(လင်းသူရ)
ပြဿနာက အဲဒီကစတော့တာပဲ ။ အောက်မှာကျွန်တော့်လက်မှတ်
ကြီးပါနေတာကိုး ။ အမှန်ပါ ကျွန်တော့ကဗျာစာရွက်က ဘယ်လိုက
ဘယ်လို သူ့ဆီရောက်သွားတာပါလိမ့် ။ ပြီးတော့…
“ ဒါက ကျွန်မကိုပေးတဲ့စာကလွဲပြီးဘာဖြစ်ရမှာလဲ ” တဲ့ ။
“ ဟောဗျာ … ကျွန်တော်လဲ အဲဒါကိုစဉ်းစားနေတာ ၊ ခက်တော့တာ
ပဲဗျာ…”
“ ရှင်မူးမူးရူးရူးနဲ့ အူကြောင်ကြောင်မလုပ်နဲ့နော်။ ရှင်း
အခုရှင်းပေး ”
အဲဒီအချိန်မှာ ဝိတ်တာလေးတစ်ယောက် အနားရောက်လာပြီး….
“ ဒီမှာ အစ်ကိုနဲ့ အစ်မ တစ်ဆိတ်လောက် ” ။ ဆွဲဆိတ်မည်ဟု
ပြော
ခြင်းမဟုတ်ပါ ။
“ ဆိုပါဦး ” ။ သီချင်းဆိုခိုင်းခြင်းလဲ မဟုတ်ရပါ…။
“ အစောတုန်းက အစ်ကိုစာဖတ်နေတော့ စာအုပ်ထဲကစာရွက်လေး
က အစ်မချထားတဲ့အိတ်ပေါ်လွင့်ကျသွားတယ်လေ…”
“ သြော် …” ။ သူမက သြော်လိုက်ခြင်းဖြစ်ပါ၏ ။
“ အစ်မကလဲ အစ်ကို့နောက်ကခုံမှာ ထိုင်နေတာဆိုတော့…. ”
“ ရပြီ ရပြီ အစ်ကိုသဘောပေါက်သွားပြီ ငါ့ညီ…” ။ ဝိတ်တာလေးက
သူ့စကားကို ဖြတ်ဖြတ်ပြော၍ သိပ်မကျေနပ်လှ ။
“ ဟား…ကျေးဇူးကြီးလှပါပေတယ် ငါ့ညီရာ….”
“ ဒါဆို ရှင်က ကျွန်မပေးတာမဟုတ်ဘူးပေါ့ ”
“ ဘယ်ကလာ ဒီကချစ်သူရှိတယ်ဗျ ။ စိတ်တောင်မကူးဘူး …”
“ အောင်မယ်… လာလာချည်သေး … ဟင်း…”
“ ကဲ…အမိရှင်းရင်လဲ ကျွန်တော်မျိုးသွားပါရစေ ။ အာရုံနောက်လွန်း
လို့ပါဗျာ…” ။ ဆိုပြီး လှည့်ထွက်လာခဲ့တော့၏ ။
“ သက်ဝေရှင့်…. သက်ဝေ သက်ဝေ ”
“ ကောင်းပါပြီ မသက်ဝေ သက်ဝေ ခွင့်ပြုပါဦး ”
“ ……………………………………………………..
………………………………………………………… ”
နောက်မှာတော့ ထိုချာတိတ်မလေး မေတ္တာပို့ကျန်ခဲ့လေရဲ့ ။
ကိုယ့်ကဗျာခေါင်းစဉ်တောင်ပြောင်းလိုက်ချင်သေးတယ်…
“ ပြဿနာ သက်ဝေ ” …. လို့။ ကြားသွားမှဖြင့်…..။
********************************************
မေနဲ့ ကျွန်တော်မတွေ့ရတာတော်တော်ကြာသွားခဲ့ပါပြီ…။ ဝတ္တရား
မပျက် ကျွန်တော် တောင်သမန်ဘက်သွားခဲ့ပေမယ့် မေ ရောက်မ
လာခဲ့ပါဘူး ။ ဖုန်းဆက်တော့လဲ ဖုန်းပိတ်ထားတယ် ။ လွမ်းတယ်….
ချစ်သူရယ်….။
“ ကိုလင်း… မင်းအတွက်စာရောက်နေတယ် ”
“ ဘယ်ကစာလဲ မျိုးဆန်း ဖိတ်စာလား ”
“ အရေးထဲ မင်းကလွှေးချင်သေးတယ် ။ မင်းအိမ်ကစာပေါ့ဟ မင်းရဲ့
ချစ်မမကြီး ရေးလိုက်တဲ့ စာ ”
အမှန်ပါပဲ ပြင်ဦးလွင်က တစ်ဦးတည်းသောအစ်မရေးလိုက်တဲ့စာပါ
။
စာအိတ်မှာတော့ အမြန်ချောပို့တံဆိပ်ခေါင်းတွေတပ်ထားတော့
အ
ရေးကြီးပုံရပါတယ် ။ ပြီးတော့ အစ်မ စာမရေးတာ တော်တော်ကြာခဲ့
ပါပြီ…။
သို့
ချစ်သော မောင်ငယ်….။
သတိရလွမ်းဆွတ်ခြင်းများနဲ့
အစ်မစာရေးလိုက်တယ် ။ နေကောင်း
ရဲ့လားမောင်ငယ် ။ နောက်
တနင်္ဂနွေနေ့ဆိုရင် မေမေဆုံးတာ ၁၀
နှစ်ပြည့်တော့မယ် မောင်ငယ်
။ မင်းထွက်သွားခဲ့တာလဲ ၅ နှစ်တင်း
တင်းပြည့်တော့မယ် ။ အကြောင်းကတော့ကွယ်…။ မေမေ့နှစ်ပတ်
နေ့မှာ ဆက်ဆက်လာစေချင်တယ်
အစ်မဆန္ဒအရတော့ တို့မိသား
စုလေး စုံစုံညီညီ ရှိစေချင်တာပါပဲ
။ ဖေဖေဆို မောင်ငယ့်စိတ်နဲ့ အိပ်
ယာထဲလဲနေတာ တော်တော်ကြာပြီ
။ သူ့ဘက်ကလွန်ခဲ့တာတွေအ
တွက် ပြန်တောင်းပန်ချင်နေပုံရတယ်
။ မောင်ငယ့် ဝါသနာကိုလဲ မ
တားမြစ်တော့ပါဘူး တဲ့ ။ ဒါပါပဲ ….။ မျှော်နေမယ်မောင်ငယ်ရေ…။
ချစ်ခင်လျက်
ရဝေသူ
7 . 4 . 12
စာကိုဖတ်ပြီး
သူအံတင်းတင်းကြိတ်ထားမိသည် ။ အခုဆိုရင်
သူမေမေ့မေတ္တာငတ်မွတ်ခဲ့တာ ၁၀ နှစ်ပြည့်တော့မည်
။ အတိတ်က
ဖေဖေ့စကားတွေပြန်ကြားတိုင်း
ရင်ထဲမှာတနင့်နင့် ။ ထို့ကြောင့် သူ
အတိတ်ကိုမေ့ဖို့ကြိုးစားခဲ့သည်
။ အထူးသဖြင့် ဖေဖေ့ကို…..။
“
ရော့…ဒါက ဒုတိယစာ ” ။ မျိုးဆန်းက နောက်ထပ်စာတစ်စောင်
ထုတ်ပေးသည်
။
သို့
ချစ်သော မောင်ငယ်…..။
ဒီစာလေးကတော့ မင်းရဲ့
ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သက်နေ
တယ် ။ အထူးသဖြင့် အိမ်ထောင်ရေးပေါ့လေ
။ လွန်ခဲ့တဲ့ ဆယ့်ငါး
နှစ်လောက်က ဖေဖေနဲ့ မေမေဟာ
မင်းရဲ့အိမ်ထောင်ရေးအတွက်
ကတိတစ်ခုထားခဲ့ကြတယ်
။ သူတို့ရဲ့ ငယ်ပေါင်းကြီးဖေါ်တွေဖြစ်
တဲ့ ဦးနှင်းဝေ ၊ ဒေါ်ခင်သက်ထားတို့ရဲ့
တစ်ဦးတည်းသော သမီး
ရယ် ၊ မင်းရယ်ကို နောင်အခါလက်ဆက်ပေးဖို့
သဘောတူထား
ခဲ့ကြတယ် ။ ဒီကတိစကားက
ဘယ်လောက်ခိုင်မာသလဲဆိုတာ
ပြောဖို့မလိုဘူးထင်တယ်
မောင်ငယ် ။ ဒီစာအိတ်ထဲမှာသူ့ဓာတ်
ပုံလေးပါလိမ့်မယ် ။ အိမ်ကိုလဲ
အရင်လကရောက်ခဲ့ပြီးပြီ ။ မင်းပုံ
ကိုတော့ သူမမြင်ဘူးသေးပါဘူး
။ နောက်မှပြန်လာတော့မယ် တဲ့ ။
အစ်မအကဲခတ်ပုံအရ မောင်ငယ်နဲ့
လိုက်ဖက်သင့်တော်မယ် လို့
ထင်ပါတယ် ။ သြော်…မေ့သွားလို့
သူ့နာမည်က “ သက်ဝေနှင်း ”
တဲ့ ။ ရန်ကုန် ၊ ဗဟန်းမှာနေကြတယ်
။ အခု မန္တလေးကို အလည်
ရောက်နေတယ်လို့ ကြားတယ်
။ ဒါပါပဲ….။
ချစ်ခင်လျက်
ရဝေသူ
7 . 4 . 12
စာရဲ့အဆုံးမှာ
စာအိတ်ထဲက ဓာတ်ပုံသေးသေးလေး ထုတ်ကြည့်မိ
သည်
။ တိုက်ဆိုင်လိုက်တာ… ဟိုတစ်နေ့က စားသောက်ဆိုင်မှာ
သူနှင့်
ပြဿနာ တက်ခဲ့သောကောင်မလေး ။ ဓာတ်ပုံထဲက မျက်နှာ
လေးက
အပြစ်ကင်းစင် ချောမွေ့လွန်းနေသည် ။ သူ့နေရာမှာ အခြား
တစ်ယောက်ဆို ငြင်းနိုင်မည် မထင်
။ ဒါပေမယ့် သူကတော့………….။
***********************************************
သူနှင့်
၅ နှစ်ကြာစိမ်းခဲ့သော ပြင်ဦးလွင်ကတော့
အရင်းတိုင်းစိမ်း
လန်းစိုပြေလျက်…။
ဘာမှမပြောင်းလဲ ။ ဒါဆိုသူ့အိမ်ကရော…။
မွေးရပ်မြေပြန်ရောက်လာ၍ သူ့ရင်မှာနွေးထွေးပါသည်
။ ရာသီဥတု
ကတော့
အေးမြပါသည် ။
မေမေ့
၁၀ နှစ်ပြည့် နှစ်ပတ်လည်ဆွမ်းကျွေးအတွက် သူရောက်လာ
ခြင်းဖြစ်သည်
။ မျိုးဆန်းနှင့် စည်သူတို့ကတော့ အလုပ်မအား၍
လိုက်မလာနိုင်ကြ ။ အပြန်တွင် မက်မန်းဝိုင်ဝယ်ခဲ့ပေးရဦးမည်ဟု
မှာ
လိုက်သေး၏
။ ဟွန်း… တစ်ကယ့်ဂျိုးတွေ…။ မတွေ့တာကြာပြီဖြစ်
သောချစ်သူကိုလည်း
နှုတ်မဆက်ခဲ့ရပေ ။ မတတ်နိုင် ။
အဆောင်ရောက်လာခဲ့ရင် ကျွန်တော်ရေးထားခဲ့သောစာကို ဟိုနှစ်
ကောင်က
ပေးပါလိမ့်မည် ။
တောင်ပူစာမို့မို့လေးထက်က
နှစ်ထပ်အိမ်ဖြူကြီးရှေ့မှာ သူရီဝေစွာ
ငေးမောနေသည်
။ ပြီးမှ အနွေးအင်္ကျီကို ဇာစ်ဆွဲစေ့လိုက်ရင်း သူ့
ခြေလှမ်းများက
တစ်လှမ်းချင်း…တစ်လှမ်းချင်း ။ အိမ်ကြီးအတွင်းမှ
မင်းကွန်းဆရာတော်ဘုရားကြီး၏
တရားသံကားပျံ့လွင့်လျက် ။
“
သူရိယ ” ၊ “ စန္ဒာ ” ဟူသော ကြေးစာလုံးကြီးများက သံတံခါးတစ်
ဖက်စီတွင်
ခံ့ညားထည်ဝါလှသည် ။ တံခါးအဝင်ဝတွင်တော့ စာရွက်
တစ်ရွက်ချိတ်ဆွဲထားသည်
။ အပြေးအလွှားသွားဖတ်မိသည် ။ ဝိုင်း
စက်လှပသောလက်ရေးများဖြင့်….
အို…ခရီးသွား
သင့်အားကြိုဆိုပါ၏
။
နေမျိုး…နေနွယ်
လမျိုး…လနွယ်
တို့သည်
သင့်အား
ကြိုလင့်ကြလတ္တံ့ ။
ငါသည်
လည်းကောင်း
ငါ၏
ဝိညဉ်သည် လည်းကောင်း
ချစ်ခြင်း
အပြည့်ဖြင့်
သင့်အား
ကြိုလင့်ကြလတ္တံ့ ။
အို…
ခရီးသွား
ငါ၏
အသွေးတို့နှင့်
သင့်အား
နွေးထွေးစေ…
ငါ၏
ဆွေးမြေ့သောအရိပ်တို့သည်
သင့်အား
…အေးမြခြင်းဖြစ်ပါစေ…။
ကဗျာ၏အဆုံးမှာ
သူ့ရင်ခွင်တစ်ခုလုံးမိုးအုံ့လျက်။ ဒါ…။ ဒါ မေမေ့ဒိုင်ယာရီထဲက
ခရီးသွားကဗျာ။ သူကောင်းကောင်းမှတ်မိတာပေါ့
။
သူ့ရဲ့အိမ်ပြန်ချိန်ကို သူသိပ်ချစ်သောမေမေ့ကဗျာနှင့်ကြိုဆိုသတဲ့လား
ဖေဖေ ။
“
ဟော…လင်းငယ်ပြန်လာပြီကိုး ”
“
ဟုတ်ကဲ့ ဒေါ်ခမ်း…ဖေဖေနဲ့မမရော…”
“
အပေါ်ထပ်မှာ လင်းငယ်ရဲ့ မင်းကိုမျှော်နေကြတယ် သွားလိုက်ဦး”
“
ဟုတ်ကဲ့ ”
သူငယ်စဉ်ကတည်းက
ထိန်းကျောင်းခဲ့သော ဒေါ်ခမ်းကထွက်ကြို
သည်
။ အရင်အတိုင်း အိမ်ကြီးကတော့ ဘာမှမပြောင်းလဲပါပေ ။
အိပ်ယာပေါ်တွင်
ဖေဖေကလဲလျောင်းနေသည် ။ မမကတိုးညင်း
စွာ…
“
ဖေဖေ မောင်လေးပြန်လာပြီ ”
“
သား …”
ဖေဖေ့အသံက
ခြောက်ကပ်လွန်းပါ၏ ။ မေတ္တာအရိပ်အယောင်တော့
သူတွေ့ပါသည်။
“
ဖေဖေ..”
“
အပြီးပြန်လာနေပါလားသားရယ်…ဖေဖေလွန်ခဲ့တာတွေအတွက်
တောင်းပန်ပါတယ်
”
ကျွန်တော်
စကားမပြန်မိပါပေ ။ ဖေဖေ့ကို စူးရှစွာတစ်ချက်ကြည့်ပြီး
ကျွန်တော်လှည့်ထွက်လာမိသည်
။ ရိုင်းသွားပြီလား….။ ဖေဖေ့ခေါ်
သံကတော့
တိုးတိတ်စွာ…
“
သား ”
***********************************************
မေမေ့နှစ်ပတ်လည်ကို
သိပ်အခမ်းအနားကြီးမလုပ်ခဲ့ပါပေ ။ ဘုန်းကြီး ၁ဝ
ပါးပင့် ၍သာအကျဉ်းချုံးခဲ့သည် ။ ကျွန်တော်နှင့်
ဖေဖေ
လဲ
တဖြေးဖြေးအဆင်ပြေလာခဲ့ပါသည် ။ အထူးသဖြင့် ဖေဖေ ဆန္ဒ
စောနေသည်က
သူ့အိမ်ထောင်ရေးပင် ။ သူတို့သဘောတူထား
သော
သက်ဝေနှင်း တော်ကြောင်း၊ ထက်ကြောင်း တဖွဖွပြောသည်။
သူကလဲ
ချစ်ရသူမေ၏မျက်နှာကိုသာ မြင်သည်။ လွမ်းသည် ။ ဘာမှ
တော့မဆိုင်
။ ဒါပေမယ့်…သက်ဝေနှင်းနဲ့လဲ မဆိုင်ချင်ပါ ။ သို့သော်
…….
ပတ်ဝန်းကျင်တွင် ပန်းရနံ့တို့က တစ်ချက်တစ်ချက်လွင့်ပျံ့လျက်
။
ဘာပန်းမှန်းတော့ သူမသိပါ ။ မြက်ခင်းစိမ်းစိမ်းလေးနှင့် ဤတောင်
ပူစာလေးထက်ကို သူငယ်စဉ်ကတည်းက လာလေ့ရှိသည် ။ ရုတ်တ
ရက် ခရေပန်းရနံ့သူရလိုက်မိသည် ။ ဤနေရာတွင် ခရေပင်မရှိခဲ့ပါ။
ထို့ကြောင့်…
“
ဒီမှာရှင့် …ခွင့်ပြုပါ ”
သူအတွေးမဆုံးခင်မှာ
စကားလုံးတစ်ချို့ကြားလိုက်သည် ။ သည်အ
သံကို
သူကောင်းကောင်းမှတ်မိပါ၏ ။ နာမည်တစ်ခု “ သက်ဝေနှင်း”
“
သြော် မသက်ဝေ … လာပါဗျာ ”
ဘယ်ကလှည့်လာတာလဲ
ဟုမမေးမိပါ ။ သူမကလှည့်ပတ်လာခြင်းမ
ဟုတ်ပေ
။ ရိုးရိုးတန်းတန်းလာခြင်းသာဖြစ်ပါ၏ ။
“
အစ်မရဝေပြောတယ် ကိုလင်းသူရဒီဘက်ထွက်သွားတယ်ဆိုလို့
လိုက်လာတာပါ
။ ဘာရယ်မဟုတ်ပါဘူး။”
လှသလောက်
စကားသွက်သောသူမကို ကျွန်တော်အသိမှတ်ပြုမိပါ
သည်။
ချစ်မိသည်ဟု မဆိုလိုပါ။
“
ဟုတ်…ဒီနေရာကိုအရင်ကလာလေ့ရှိပါတယ် ။ အေးချမ်းတိတ်
ဆိတ်တယ်လေ
”
“
ကဗျာဆရာပီပီ အလှအပတွေခံစားနေတယ်ထင်ပါ့။ ဒါမှမဟုတ်
မန်းသူလေးကိုလွမ်းနေတယ်ထင်တယ်
”
“
အဟင်း…ကိုယ်ဝန်ခံပါတယ်မသက်ဝေ ။ မှန်ပါတယ် ”
သူမက
သိနေတယ်ဆိုသောအပြုံးဖြင့် ဟန်ပါပါပြုံးနေသည် ။
ဘာဖြစ်လဲ…
“
ကျွန်မကို မိဝေလို့ခေါ်နိုင်ပါတယ်။ အသက်မှသိပ်မကွာတာ ”
“
ကျွန်တော့်ကိုလဲ ကိုလင်းလို့ခေါ်နိုင်ပါတယ်…”
ရယ်စရာမဟုတ်ပါဘဲ
နှစ်ယောက်သားခပ်တိုးတိုးရယ်ဖြစ်၏ ။ သူမ
က
ဟန်ပါပါလက်ပိုက်ရပ်လျက်…
“
ကျွန်မတို့ကိစ္စကိုသိပြီးပြီလား ကိုလင်း ”
“
အင်း သိထားပါတယ် ။ မမပြောပြထားလို့လေ ”
“
ဒါဆို လက်စွပ်ကိစ္စရော ….”
“
ဗျာ ”
“
လက်စွပ်လေ…ဒီမှာကြည့် ”
သူမ၏
ဘယ်ဘက်လက်သူကြွယ်က လက်စွပ်လေးကိုထောင်ပြပါ
သည်။
ရွှေသားပေါ်မှာ လခြမ်းပုံလေးထွင်းထုထားပါ၏ ။ လက်ရာ
ကောင်းပါသည်။
“
ဒါ ကျွန်မ မိဘတွေပေးထားတာပါ။ ကိုလင်းကိုရော ဦးတို့ကပေးမ
ထားဘူးလား
”
“ ဟင့်အင်…ပေးမထားဘူးဗျာ ။ အဲဒါဘာအဓိပ္ပါယ်လဲ မိဝေ ”
“
ဒါကတော့ရှင်….”
သူမ
ရှက်ပြုံး ပြုံးရင်းခေါင်းလေးငုံ့သွားပါသည် ။ ကျွန်တော်ဘာမှနား
မလည်
။ သက်ပြင်းတစ်ချက်သာ ခိုးရှိုက်လိုက်မိသည်။
“
ဟင်း …”
***********************************************
ဘဝက
ဝင်္ကပါဆန်လှ၏ ။ တစ်ခါတစ်ခါ ကွေ့ကောက်လွန်းသည်ဟု
ထင်သည်။
သူမသိအောင်စီစဉ်ထားသော မင်္ဂလာကိစ္စ ။ နောက်…..
မိဝေပြောသည့်
လက်စွပ်ကိစ္စ ။ ဘာတွေလဲ…။ လျှို့ဝှက်လွန်းလှချည့် ။
“
ဒီလို မောင်ငယ်ရဲ့ ။ မေမေရှိတုန်းက မင်းနဲ့သက်ဝေတို့လက်ထပ်
တဲ့အခါမှာ
ဝတ်ဆင်ဖို့လက်စွပ်တစ်ကွင်းပေးထားတယ်။ ခဏလေး
မမယူပြမယ်
။ မင်းဘက်က မသေချာသေးလို့ မပေးသေးတာ ”
မသေချာသေးလို့
တဲ့ ။ ဒါဆို မိဝေကသေချာလို့ဝတ်ဆင်ထားတာ
များလား
။ မတွေးတတ်တော့ပြီ ။ နေဝန်းပေါ်မှာ ဒေါင်းတံဆိပ်ခပ်နှိပ်
ထားသောလက်စွပ်လေးထဲတွင်
မေမေ့အငွေ့အသက်တွေပါဝင်နေ
သည်ဟု
ခံစားရသည်။ ကတ္တီပါဘူး အတွင်းထဲတွင် “ သူရိယ
စန္ဒာ
လက်ထပ်ပွဲအတွက်
” ဟုအနီရောင်ချည်မျှင်ဖြင့်ရေးထိုးထားသည် ။
မေမေ….။
မေမေ့ကို သူအလွန်ချစ်ပါ၏ ။ သူချစ်သောမေမေ စီစဉ်
ထားခဲ့သော
မင်္ဂလာပွဲကို သူ လက်ခံရမည်လော…။ ငြင်းပယ်ရမည်
လော…။
ဒွိဟများနှင့် ဒုက္ခများနေသည် ။
“
သားကို အချိန်တစ်လလောက်ပေးပါဖေဖေ ။ စဉ်းစားချင်သေးလို့
ပါ
”
“
အေးပါသားရယ်..။ ဖေဖေနားလည်ပါတယ် ။ ရလဒ်ကောင်းဖို့မျှော်
လင့်နေမယ်သား…”
ဖေဖေ့ကိုခွင့်တောင်းပြီး
သူမန္တလေးပြန်လာခဲ့သည် ။ ချစ်သူကိုသူအ
လွန်တွေ့ချင်နေ၏
။ သူ့အကြောင်းတွေကို တိုင်ပင်ချင်သေးသည် ။
ချစ်သူက
အေးစက်စက်နိုင်ပေမယ့် သူ့ကိုအလွန်ချစ်သည် ( ဟုထင်
ပါသည်
) ။ အဆောင်ပြန်ရောက်တော့ စည်သူက စာတစ်စောင်ထုတ်ပေးသည် ။
မေ…ပေးတဲ့စာ တဲ့ ။
ချစ်သော
မောင်…
ရင်နင့်စွာ
နှုတ်ဆက်ခဲ့ပါတယ်မောင် ။ မောင်နဲ့ သက်ဝေရဲ့ ကိစ္စကို
မေသိထားပြီးပါပြီ
။ လက်ခံပေးဖို့ မေနောက်ဆုံးအနေနဲ့ တောင်းဆို
ပါရစေနော်
မောင် ။ ဘာဖြစ်လို့လဲဆိုတော့ သက်ဝေနှင်းဟာ မေ့ရဲ့
ဝမ်းကွဲညီမလေးဖြစ်နေလို့ပါပဲ
။ ဒါကြောင့်မေ ကြည်ဖြူစွာနောက်
ဆုတ်ပေးခဲ့ပါတယ်မောင်
။ မောင်အခု ဒီစာကိုဖတ်နေချိန်မှာ မေဟာ
နိုင်ငံခြားကို
ရောက်နေပါပြီ ။ ဘွဲ့လွန်တက်ဖို့အတွက် သွားတာပါ
မောင်
။ ရှောင်ပေးတာလို့လဲ ယူဆချင် ယူဆပါ ။ ပျော်ရွှင်သောဘဝ
လေးကို
မောင်ပိုင်ဆိုင်နိုင်ပါစေ ။
မောင့်ရဲ့ မေ
***********************************************
ဆောင်းကို
နွေပေါင်းများစွာ ကိုက်မြိုသွားသလိုခံစားရသည် ။
ကံကြမ္မာကို အပြစ်မတင်လိုသောသူအတွက်
ဖြစ်တည်လာသော အ
ကြောင်းတရားကို
လက်ခံနိုင်ရမည်။ သူ လက်ခံနိုင်အောင်ကြိုးစားရ
မည်လော
။ ဒါနဲ့ပဲ မိဝေကို သူလက်ထပ်လိုက်ရတော့မည်လော ။
စဉ်းစား….။
စဉ်းစားစမ်း…။ မျိုးဆန်းတို့ကတော့ မင်းဘယ်လိုဆုံး
ဖြတ်မှာလဲ
ဟူသောသဘောဖြင့် မေးဆတ်ပြသည် ။ သူဘာမှမပြော။
တစ်ကယ်တော့
သူကိုယ်တိုင်ဝေခွဲမရသော ပြဿနာ ။ ခက်လိုက်တာကွယ်…။
အစိမ်းသက်သက်
နွေရဲ့ခြေရာတွေက ရင်မှာပရပွပျံ့ကြဲ။ နက်နဲသော သစ္စာ
၊ ခိုင်မြဲသော မေတ္တာ ။ အခုတော့ ဥပေက္ခာ
များ
စွာနဲ့
ကျောခိုင်းသွားပြီလား မိနွေ (သို့မဟုတ်)
ချစ်သောမေ…။ ဘယ်လိုအင်အားတွေနဲ့ နွေရာသီတွေရင်
ဆိုင်သွားရမလဲ
ဖြေပါ…. ။
တစ်နေရာစာလောက်လေးပါပဲ
။ စောင်းကြိုးပြတ်နေသော ခပ်အက်
အက် သီချင်းကြီးတစ်ပုဒ်ရဲ့ လိုအပ်ခြင်းမျိုးနဲ့ မင်းကိုလိုအပ်နေမိ
တယ်မိနွေ။
ပြန်မလာတော့မှန်း သိလျက်နဲ့ “ ပြန်လာပါ ” သီချင်းကို
အခါခါမြည်တမ်း
။ ရွက်ကြွေလမ်းမှာ ကိုယ့်အလွမ်းတွေတဖွဲဖွဲရွာကျ။
ဒီလိုနဲ့
ကိုယ်ဟာ ကန္တာရမှာ ပန်းတွေပျိုးနေမိတယ်။ ဘယ်တော့မှ နိုးထနိုင်မလဲ…။
ရှင်းသန့်တောက်ပတဲ့
နေခြည်တွေလိုမျိုး…၊ ဖြူဝင်းပြာဝေနေတဲ့
လရောင်ကလေးလိုမျိုး…၊
ကိုယ်တို့ တစ်ဦးကို တစ်ဦးမပိုင်ဆိုင်ကြ
သလိုမျိုး
။ နောက်ဆုံး…မင်းဟာရိုးသားစွာထားရက်ခဲ့ပြီပေါ့ မိနွေ ။
မချစ်
မနှစ်သက်တဲ့ဘဝမှာ ကိုယ်ပျော်ရွှင်စေကြောင်း…
မေဟာ
ခေါင်းလောင်းထိုး
ဆုတောင်းနေလား ။ သွားပါတော့ကွယ် ။ ကိုယ်
ဟာ
သနားစရာကောင်းတဲ့ တေလေဆောင်းသတ္တဝါလေးပါပဲ ။ဘာ
ကိုမှ
မပိုင်ဆိုင်ခဲ့ရသလို ဘာမှလဲ ရယူခွင့်မရှိတော့ပါဘူး ။ ရင်နင့်
စွာ
နှောင်းလာခဲ့တဲ့ တို့ရဲ့အတိတ်တွေဟာလဲ တဖြေးဖြေး အရောင်
ပြောင်းနေခဲ့ပြီ
မိနွေ ။ ဘယ်မှာလဲ…။ ဘယ်မှာလဲ….။
သူရိယ
၊ စန္ဒာ လက်ထပ်ပွဲအတွက် မေ့ရဲ့ ကျောခိုင်းခြင်းစာတစ်စောင်။
ဒါဟာကိုယ့်မေတ္တာအတွက်
မင်းရဲ့ အရောင် ပြန်ခြင်းလားမိနွေ…..။
အသည်းခိုက်အောင် မက်မောခဲ့တဲ့ မင်းရဲ့နှုတ်ခမ်းလေးမှာ
အဘယ်
နတ်ဆိုးများစွာ ဝင်စားခဲ့ပါသလဲ ။
(ဒီလိုနဲ့)
“ နွေဦးကဗျာ ” တစ်ပုဒ်ရဲ့ ခြောက်သွေ့ပူပြင်းခြင်းမျိုးနဲ့ မင်းကို
လွမ်းဆွတ်တမ်းတနေပါဦးမယ်
။
ဒီနွေမှာ
အလွမ်းတွေ ဝေဦးမယ့်အကြောင်းကိုတော့…
ပြော…ပြ…ရ…ပါ…ဦး…မယ်…။ ။
*********************************************************************************************
ကျွန်တော
ဒီဝတ္ထုတိုလေးကို အပိုင်းခွဲပြီးတော့ တင်ပေးခဲ့ဖူးပါတယ်။
အခု
မျှော်နေကြတဲ့ သူငယ်ချင်းတွေအတွက် မျှော်ရကျိုးနပ်အောင်
တစ်စုတစ်စည်းထဲ
တင်ပေးလိုက်ပါတယ်ခင်ဗျာ ။ E Book အဖြစ်
သိမ်းဆည်း
ဖတ်ရှုလိုပါက အောက်ပါလင့်ကလေးမှာ ဒေါင်းလော့
ဆွဲနိုင်ပါတယ်ဗျာ။
349.6 KBပဲရှိပါတယ်။ အားပေးမှုအား ကျေးဇူးတင် ပါသည် ။
လေးစားစွာဖြင့်
မင်းခသူ