နှင်းကြားအိပ်စက်
အိမ်မက် မက်၏
တစ်ရံရောခါ...
မြူပြာပြာထဲ
ပွင့်အာမြဲသော
အိမ်မက်တို့....။
ထိုညသန်းခေါင်
ကြယ်ရောင်မလင်း
လရောင်ကင်းလျက်
ဉာဥ့်ငှက်ဆိုးတို့
မိုးသို့ ပျံဝဲ
အမှောင်ထဲကား
မာရ်နတ်သား၏
စောင်းသံနှင့်....။
ထိုညအိမ်မက်
ခြောက်ကပ်ကပ်နှင့်
ငြင်းခွင့်မသာ
လူးလိမ့်ကာဖြင့်
ကျိန်စာသင့်သို့
ဝို့ဝို့ ဝေးဝေး
စေတန်တေးကား
မီးလျှံကြားမှ
ပန်းနွယ်လား....။
ထိုညတစ္ဆေ
ဘယ်သူစေ၍
ကြယ်ကြွေ အိမ်မက်
သွေးပျက်ပျက်ဖြင့်
နှင်းစက်တို့ကြား
စိတ်အားမမွေ့
အမှောင်တွေ့ခိုက်
မပျော်ပိုက်၍
ငါရှိုက်ငို....။
ထိုညအိပ်စက်
အိမ်မက် မက်၏
တစ်ရံရောခါ...
မြူပြာပြာထဲ
ပွင့်အာမြဲသော
အိမ်မက်တို့....။ ။
မင်းခသူ (ကဗျာ Diary) 21 . 6 . 2014 / Sat
မင်္ဂလာပါ
IDOL Bloggers
K Thu's ကဗျာစာအုပ်
စာပေ ၊ ဂီတ
Popular Posts
-
မန္တလေးကဗျာ ( ၁) မန္တလေးတောင်ကြီးက မန်းတက်နေတဲ့ မန္တလေးနေ့တွေကို နေ့စဉ်နဲ့အမျှ ငုံ့ငုံ့ကြည့် ။ ကျုံးကိုခါးပတ်ပတ်ထားတဲ့ နန်းတေ...
-
စာအုပ်အမည် – သူနမ်းလျှင်ပန်းပွင့်ဖြစ် သူပစ်တော့ဝါရွက်ကြွေ ရေးသားသူ – မောင်စိန်ဝင်း(ပုတီးကုန်း) အမျိုးအစား – ၀တ္တုရှည် သ...
-
ကဗျာဆိုင်ရာ ဆောင်းပါးနှင့် အခြားစာများ http://www.facebook.com/groups/237590846346389/doc/239301462841994/ ကာချင်းများ http://www.face...
-
ချစ်သော ကဗျာချစ်သူ စာချစ်သူ သူငယ်ချင်းများအားလုံးမင်္ဂလာပါခင်ဗျ ။ ကျွန်တော် ဒီနေ့စာပေဒါနပြုသွားမယ့် စာအုပ်လေးကတော့ဆရာ ဟယ်ရီလွင် ရဲ့ ...
-
၁ ။ ကိုယ့်ရင်အစုံပေါ် ခြေတော်တင်ပြီးမှ ကြယ်တွေဆီ မရောက်ရောက်အောင်သွားနိုင်တဲ့အခါ ကိုယ့် နာမည်ကို သတိမရရင်ေ...
-
အလိမ္မာ မမမျက်နှာမှာ ရှိတယ် ဥပမာ - မမမျက်စောင်းထိုးလိုက်တာနဲ့ ဆင်ခြင်တုံတရားတွေ ရိုက်ချိုးမိသလိုပေါ့ မမမျက်နှာညှိုးရင် မမဆံ...
-
ကြယ်ဟာ အာဂျင်တီးနားမှာ မွေးပြီး ဘိုလီးဗီးယားမြေမှာ ကြွေတယ် ကြယ် ... အာနက်စတို ချေ - ဂွေဗားရား ။
-
ဒီနွေမှာ အလွမ်းတွေဝေမယ့်အကြောင်းကိုတော့…ပြောပြရပါဦးမယ်။ “ ကျွန်မကို မနမ်းပါနဲ့လား မောင် …။ မကြိုက်ဘူး ” ဟုပြော...
-
(၁) အချစ် ချွေးသိပ်ဖို့ပါ အေးရိပ်ဆာယာ ဖြစ်ချင်တယ် ။ အချစ် ခဏကွန်းခိုပေါ့ မြကျွန်းညို ရင်ခွင်ရိပ်မှာ မှေးမှိတ်ပါကွယ...
-
ရေတံခွန်ကို ဆယ်မွန်ငါးတို့ ကျော်နိုင်ပါ့မလား ။ ရင်နှင့်အမျှ ကြေကွဲပြရုံလေးနဲ့ မျက်ရည်စတွေရော သွေ့ခြောက်နိုင်ပါ့မလား ။ ဘုရားကျောင်းမှာ ဆ...
Blog Archive
ရွေးချယ်ဖတ်ရှုရန်
- ကဗျာ (205)
- ကဗျာရွတ်သံ (1)
- စာအုပ်စင် (7)
- စာပေဟောပြောပွဲ (1)
- ဘလော့နည်းပညာစုစည်းမှု (1)
- ဝတ္ထုတို (4)
- အက်ဆေး (5)
- ဆောင်းပါး (3)