နွေလယ် မိုး ။ ရွယ်ငြိုး အုံဆိုင်း ၊
မှုန်မှိုင်း ဝေရီ ၊ ငွေခြည် ခိုင်ပန်း ၊
ကြိုင်လျှမ်း လျှပ်နွယ် ၊ ထက်နယ် မာန်ပြင်း ၊
ဟန်ဆင်း စိန်မြ ၊ တိမ်က ဆင်းကြွေ ၊
ညင်းလေ ဆော်မြူး ၊ ဖော်ကျူး တျာသံ ၊
ရွာရန် ညို့် ညို ၊ ပျို့ပြို ပျိုးပြက် ၊
ငြိုးရက်ပါနိုင် ၊ ဗျာစိုင် ထုံမွှမ်း ၊
တုန်ချမ်း ဆောင်ပြု ၊ မောင်ခု ဖြေခက် ၊
ကြွေရွက် တမျှ ၊ ဖွဖွ ငိုညီး ၊
ကိုယ်တည်း နုံးခွေ ၊ မုန်းမေ ခွဲခွာ ၊
သည်းရွာ စွေဖြိုး ၊ နွေမိုးလယ် ။ ။
လယ်မိုးနွေ ။ ဖြိုးစွေ ရွာသည်း ၊
ခွာခွဲ မေမုန်း ၊ ခွေနုံးတည်း ကိုယ် ၊
ညီးငို ဖွဖွ ၊ မျှတ ရွက်ကြွေ ၊
ခက်ဖြေ ခုမောင် ၊ ပြုဆောင် ချမ်းတုန် ၊
မွှမ်းထုံ စိုင်ဗျာ ၊ နိုင်ပါရက် ငြိုး ၊
ပြက်ပျိုး ပြိုပျို့ ၊ ညိုညို့ရန် ရွာ ၊
သံတျာ ကျူးဖော် ၊ မြူးဆော် လေညင်း ၊
ကြွေဆင်းက တိမ် ၊ မြ စိန် ဆင်းဟန် ၊
ပြင်းမာန် နယ်ထက် ၊ နွယ်လျှပ် လျှမ်းကြိုင် ၊
ပန်းခိုင်ခြည်ငွေ ၊ ရီဝေ မှိုင်းမှုန် ၊
ဆိုင်းအုံ ငြိုးရွယ် ၊ မိုးလယ်နွေ ။ ။
မိုးလယ်နွေ ။ စွေဖြိုး ရွာသည်း ၊
ခွဲခွာ မေမုန်း ၊ နှုံးခွေတည်း ကိုယ် ၊
ငိုညီး ဖွဖွ ၊ တမျှ ရွက်ကြွေ ၊
ဖြေခက် ခုမောင် ၊ ဆောင်ပြု ချမ်းတုန် ၊
ထုံမွှမ်း စိုင်ဗျာ ၊ ပါနိုင်ရက် ငြိုး ၊
ပျိုးပြက် ပြိုပျို့ ၊ ညို့ညိုရန် ရွာ ၊
တျာသံ ကျုးဖော် ၊ ဆော်မြူး လေညင်း ၊
ဆင်းကြွေက တိမ် ၊ စိန် မြ ဆင်းဟန် ၊
မာန်ပြင်း နယ်ထက် ၊ လျှပ်နွယ် လျှမ်းကြိုင် ၊
ခိုင်ပန်းခြည် ငွေ ၊ ဝေရီ မှိုင်းမှုန် ၊
အုံဆိုင်း ငြိုးရွယ် ၊ လယ်မိုးနွေ ။ ။
မင်းခသူ
March 12
2017 Sun.