သခင်မဘွဲ့ - သုံးချက်ညီတေးထပ်

ရှုမကုန် နု , မှုန် , လှ 
သူ့ပုံက နတ်မေ
သမုဘုံမှ သက်ကြွေတယ် 
မက်မပြေ ရင်ထဲ ။
ဖွေးညက်ညက် သွေး, မြတ်မှန်
ထွေးဖက်ရန် ရည်မှန်းလို့ စွဲ ။


ပန်းပွင့်မို့ ကမ်းလင့်မည်
နမ်းခွင့်သည် ကွာလည်း
လွမ်းသင့်ပြီ ကဗျာဆွဲလို့
သဒ္ဓါအမြဲ ကျွမ်းဝင် ။
အမြဲတိုင် သည်းစိုင်နွမ်းစေတော့
ပုလဲခိုင်ပန်း ယုယမယ်ခင် ။

လွမ်းဂယက် လှမ်းမထွက်ချင်တယ်
တမ်းမက်အစဉ် တသက်လုံးသာပဲ
မပျက်သုဉ်း ထမ်းပေါ့သစ္စာ
ကမ်းတော့ မေတ္တာ ။
ပန်းတကြော့ လွမ်းနှော့လာတယ်
နန်းတော့်ကမ္ဘာ ခင်သိမ်းကွဲ့လေး ။

မင်းခသူ