မြန်မာ့မေပျိုအလှဘွဲ့ - အရိုးခံတေးထပ်

တပင်တိုင် တော်ဝင်သင့်သူပ 
ဂေါ်သဇင်ပွင့် ပန်းနှယ်
ဪသခင်ထင့် နန်းလယ်မှာ 
စမ်းအသွယ် ကြည်အေး ။
ယဉ်စစ ခင့်အမူရာ ရယ်
ပွင့်ဖြူပြာ ပုလဲသို့ ဖွေး ။


ကေသာစ ပိတုန်းရောင်ခြည်
သုံးထောင်ပြည် ဂုဏ်မွှေး
ပြုံးမယောင်တည် မှုံသွေးနှင့်
တဖုံလေး တင့်တယ် ။
ငါးကြန်အင် ပြည့်စုံခင့်ပေမို့
ဓလေ့ထုံဆင့် မြန်မာ့မယ်ရယ် ။

ရှုမဆုံး ပန်းချီခြယ်တောင်
မှီမလွယ် ကဗျာရှုံးတာမို့
ကညာဘုဉ်း သိမ်းပိုက်စဉ်သာ
မင်းထိုက် ပဏ္ဍာ ၊
ရွှေမိုးကျ နတ်သူဇာရယ်
မြတ်သူသာ ဆင်မြန်းသင့်လေး ။

မင်းခသူ