သံယောဇဉ် နှောင်တွယ်ရစ်ပြီမို့
ပြန်ပြောရင် ရှောင်ဖယ်ပစ်မှာလား
သစ္စာ့ကမ္ဘာ အလွမ်းနွံဂယက်မှာ
ဪ ...
ချစ်ရတာ ပန်းကွန်ယက်ပမာပဲ
အပင်ထက်မှာ ဝေနေသူရယ်မို့
အခြေမတူ ဘဝအနေခြားလေတဲ့
မရွှေထားရေ ... ။
သစ္စာ့ကမ္ဘာ အလွမ်းနွံဂယက်မှာ
ဪ ...
ချစ်ရတာ ပန်းကွန်ယက်ပမာပဲ
အပင်ထက်မှာ ဝေနေသူရယ်မို့
အခြေမတူ ဘဝအနေခြားလေတဲ့
မရွှေထားရေ ... ။
အစဉ်မနွမ်း သဘောရိုးအချစ်ဟာလည်း
ဆင်ကန်း တောတိုးအဖြစ်ပါပဲရယ်လို့ ၊
မေတ္တာကို ရင်မှာသိပ်မြိုရင်း
ကြင်နာစိတ် ဝှက်ကွယ်မိပေမယ့်
သက်လယ် သိလေ ... ။
ဆင်ကန်း တောတိုးအဖြစ်ပါပဲရယ်လို့ ၊
မေတ္တာကို ရင်မှာသိပ်မြိုရင်း
ကြင်နာစိတ် ဝှက်ကွယ်မိပေမယ့်
သက်လယ် သိလေ ... ။
မခွဲချင်စမ်းတာကြောင့်
အသည်းပင်ပန်းပေမယ့်
အမြဲရင်နန်းမှာ ထားသခင်တယောက်ပါပဲ
ကြားဝင်နှောက်တောင် မပျက်ဘူးဆိုတဲ့ ၊
အသက်ဦးအတွက် သစ္စာကြိုးတွေနဲ့
ရစ်ကာတိုးမယ့် အချစ်အကြင်မြေ ...
အသစ်မဆင်ပေ တသက်လုံး ။
အသည်းပင်ပန်းပေမယ့်
အမြဲရင်နန်းမှာ ထားသခင်တယောက်ပါပဲ
ကြားဝင်နှောက်တောင် မပျက်ဘူးဆိုတဲ့ ၊
အသက်ဦးအတွက် သစ္စာကြိုးတွေနဲ့
ရစ်ကာတိုးမယ့် အချစ်အကြင်မြေ ...
အသစ်မဆင်ပေ တသက်လုံး ။
အချစ်ပိုသရွေ့ ...
အပြစ်ဆိုစေ့ ဪ ဆိုစမ်းပါစေတော့
မပစ်လို၍ ကျွန်တော် ကြို , ကမ်းပါလို့ ၊
အမျှော် , အငို , အတမ်းတွေ ကဗျာဖွဲ့သီရင်း
ကညာနွဲ့ပလီ စံနေတော်မူတဲ့အပါးမှာ
ရံရွေဖော်အလား သစ္စာရှိစွာပဲ
ချစ်တာ သိပါ တပြေသူ မရွှေထားရဲ့
အခြေမတူ ဘဝအနေခြားပေမယ့်
နှမစေစားရာ ကျွန်တော်နေလို့
သေဆိုသေ , သွားဆိုမသွားချင်ဘူး
တဖဝါးကို တဖဝါးမခွာ အစဉ်ခစားမှာမို့
သခင်မဖုရား သမုဒယ , သဒ္ဓါအပြုံးနဲ့
ယုယပါဦး ။
အပြစ်ဆိုစေ့ ဪ ဆိုစမ်းပါစေတော့
မပစ်လို၍ ကျွန်တော် ကြို , ကမ်းပါလို့ ၊
အမျှော် , အငို , အတမ်းတွေ ကဗျာဖွဲ့သီရင်း
ကညာနွဲ့ပလီ စံနေတော်မူတဲ့အပါးမှာ
ရံရွေဖော်အလား သစ္စာရှိစွာပဲ
ချစ်တာ သိပါ တပြေသူ မရွှေထားရဲ့
အခြေမတူ ဘဝအနေခြားပေမယ့်
နှမစေစားရာ ကျွန်တော်နေလို့
သေဆိုသေ , သွားဆိုမသွားချင်ဘူး
တဖဝါးကို တဖဝါးမခွာ အစဉ်ခစားမှာမို့
သခင်မဖုရား သမုဒယ , သဒ္ဓါအပြုံးနဲ့
ယုယပါဦး ။
မင်းခသူ
( တေးရေး/တေးဆို စန္ဒရားလှထွဋ်၏ တပြေသူမရွှေထား
သီချင်းအား ထပ်ဆင့်ခံစားရေးဖွဲ့ပါသည် ။ )
သီချင်းအား ထပ်ဆင့်ခံစားရေးဖွဲ့ပါသည် ။ )