ကဗျာမဆန်တော့ဘူးလား
______________________
ကဗျာတစ်ပုဒ်သည် ကဗျာဆန်၏ ... မဆန်၏ .... ။ ဒါဆို
မြန်မာကဗျာနယ်ပယ်ကို လေ့လာကြည့်ကြပါစို့ ။ ကဗျာ
အကြောင်းကိုလေ့လာလျင် ခေတ်စမ်းစာပေကိုတော့ချန်
လှပ်ထား၍ မရနိုင်ပါ ။ ယနေ့လူအများစု အငြင်းပွား ကြ
သည်က စကားလုံးလှလှလေးတွေ ၊ နုနုရွရွလေး တွေ
အသုံးပြုထားသည့် မြန်မာကဗျာအဖွဲ့များကသာ ကဗျာ
ဆန်သည် ။ မော်ဒန်ကတော့ ဖတ်ရတာနားမလည်၍
ကဗျာမဆန် ။ စသည်ဖြင့်... လူအမျိုးမျိုး ၊စိတ်အထွေထွေ
ပင် ။
ခေတ်စမ်းစာပေကို ဆရာဇော်ဂျီ ၊ မင်းသုဝဏ် ၊ စသည့်
ဆရာကြီးများက ဦးဆောင်လှုပ်ရှား၍ ရေးသားခဲ့ကြလေ
သည် ။ ယခုခေတ်စကားနှင့်ဆိုရလျင် ဆရာကြီးသခင်
ကိုယ်တော်မှိုင်းနှင့် ဆရာဇော်ဂျီ တို့က ခေတ်ပြိုင်စာဆို
ခဲ့ကြသည် ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက -
" သြော် ... အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနဲ့နှော
အခေါင်မမြန်းခင်က. အောင်စာတမ်းချို့စေဘို့ အောင်
ပန်း ညှို့ရရှာတဲ့
တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်
တွေနှင့်
အောင်ဆန်းတို့ မသာမယာ ၎င်းကံကြမ္မာ အလုပ်ပေ
ထင့်
သောင်မြန်း မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလို
တွင် ဒေါင်းအလံပဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြို ဟ်ချင် ။ "
စသည်ဖြင့် ဆရာကြီးက လွမ်းချင်းဆန်ဆန် လေးချိုးကြီး
မဟာကဗျာတွေ တီထွင်၍ စာဆိုနေချိန် ။
ဆရာဇော်ဂျီက -
" ဘယ်လောက်ပင်လျင် ၊ အဆင်လှသနည်း
မည်းမည်းဇော်ဖြူ ၊ ကွက်မှန်ကူသို့
ကိုယ်မူ ဖြိုးဖွံ့ ၊ မွေးမျိုး ညံ့သည်
ကြောင်သန့်နက်ပြာလျင်တကား ။ "(ကြောင်မနက်ပြာ)
ဟူ၍ ရှေးပေါရာဏစကားလုံးတွေကို သွေဖီ၍ ရိုးရှင်း
သောစကားလုံးတွေ ဖွဲ့စည်း၍ ခေတ်စမ်းစာဆိုခဲ့ကြ
ပါသည် ။ ဆက်လက်ပြီး ပိတောက်ဝါ ကဗျာတွင် -
" မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မှီမို့
ဇမ္ဗော်ရည်ပြေပြေလိမ်းကာပေါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနှင့်
သူလဲလေ လောကီသားလိုပေါ့
ကြွားချင်လှပေလိမ့်မယ် ။ "
စသည်ဖြင့် ၁၂၉၀ နှစ် (၁၉၂၈ သက္ကရာဇ် ) ခန့်တွင်
ခေတ်စမ်းစာဆိုခဲ့ကြလေသည် ။ ၁၉၃၁ တွင်ရေးဖွဲ့
ခဲ့သော ကြောင်မနက်ပြာ ကဗျာသည် ရှေးဟောင်း
ပေါရာဏစကားလုံးတွေကို စတင်သွေဖီ၍ တော်လှန်
ခဲ့သော လေးလုံးစပ်လင်္ကာ ဟု ယူဆရပါသည် ။ ထို့
အတူပင် သံချိုလေးချိုးကဗျာမျိုးထဲတွင် ပိတောက်ပန်း
ကဗျာသည် တော်လှန်မှုအရှိဆုံးဟု ယူဆနိုင်သည်။
ဆရာဇော်ဂျီ တို့ ဆရာ မင်းသုဝဏ်တို့ကသာ ခေတ်
မစမ်းခဲ့ကြလျင် မြန်မာကဗျာ လောကသည် တစ်မျိုး
တစ်ဖုံ ပြောင်းလဲသွားနိုင်သည် ။
ထိုသို့ ခေတ်စမ်းစာဆိုခဲ့ကြသည့်အတွက် ဆရာကြီး
သခင်ကိုယ်တော်မှိုင်းနှင့် ဆရာဇော်ဂျီတို့အကြားတွင်
စိတ်ဝမ်းကွဲမှုများမရှိခဲ့သလို ၊ ပြဿနာများလည်း မဖြစ်ခဲ့
ပေ ။ ဆရာမှိုင်း၏ မဟာလေးချိုးကြီးတွေကို မလိုသူ
များကတော့
" တေးမျိုးအပြီး မသာမယာကို
လေးချိုးကြီး မဟာဗျာရယ်လို့ " ဟု ဝေဖန်တိုက်ခိုက်ခဲ့
ကြသည်ဟု သိရသည် ။
ခေတ်စမ်းစာပေများသည် သူ့ခေတ်သူ့အခါကိုတော်လှန်
သောကဗျာများဖြစ်၍ စကားလုံးဖွဲ့စည်းမှုကြောင့် ကဗျာ
မဆန်ဘူးဟု ငြင်းခဲ့ကြပါသလား ။ မငြင်းခဲ့ပါ........။ ယခု
မော်ဒန်ကဗျာကျတော့ ဘာ့ကြောင့် ကဗျာမဆန်သော
ကဗျာအဖြစ် စွပ်စွဲကြပါသနည်း ။ ဘာကြောင့် လက်မခံ
နိုင်ကြသေးတာလဲ ....
" ခေတ်စမ်းစာပေသည် ရိုးရာအစဉ်အလာကို တော်လှန်
ရာ၌ အနုပညာအရည်အချင်းရှိပေသည် ။ စာပေအခြေ
ခံအင်အားရှိပေသည် ။ ထို့ကြောင့်သာလျင် အောင်မြင်
ခြင်းဖြစ်ပေသည် ။ စာပေတော်လှန်ရေး၌ စာပေအခြေ
ခံအင်အားသစ်မရှိလျင်မအောင်မြင်နိုင်ပေ ။အဟောင်း
ကို ဖက်ပြိုင်ရာ၌ အသစ်သည် အင်အားမခိုင်မာပါက မ
ထွန်းသစ်နိုင်ပေ "
ဟု စာပေသစ်ခေါင်းဆောင် ဆရာဒဂုန်တာရာက ၁၉၅၀
ထုတ် ရှုမဝမဂ္ဂဇင်းတွင် ရေးသားခဲ့သည် ။
ဆိုလိုသည်မှာ ခေတ်စမ်းစာပေသည် အဟောင်းကို
တော်လှန်ရာ၌ ပုံသဏ္ဍာန် (Form) ကိုတော်လှန်ခြင်း
မဟုတ်ဘဲ အနုပညာမြောက်သော စကားလုံးအသစ်
များဖြင့် ဆန်းသစ်ရေးသားသောကြောင့် ရာနှုန်းပြည့်
နီးပါး လက်ခံနိုင်ခဲ့ကြသည် ။
ယခု အများစုက ကဗျာမဆန်ဟူသော မော်ဒန်ကဗျာကို
လေ့လာကြည့်ပါမည် ။
၁၉၆၀ နှစ်ထုတ် Daniel Bell ၏ End Of Sociology
စာအုပ်တွင် Post Modern ဟူသောစကားလုံး ကို စ
တင်သုံးစွဲလာသည် ။ အနောက်နိုင်ငံများတွင် ပို့စ်မော်
ဒန်ကဗျာတွေ ပိုမိုကျယ်ပြန့်လာသည် ။ ၁၉၇၀ ဝန်းကျင်
ခန့် မိုးဝေကဗျာခေတ်တွင် မြန်မာနိုင်ငံ၌ စာပေသစ်
တော်လှန်ရေးအနေဖြင့်မော်ဒန်ကဗျာများခေတ်စားလာ
သည် ။ မော်ဒန်ကဗျာဆရာအများစုကို မိုးဝေမဂ္ဂဇင်းမှ
မွေးဖွားခဲ့သည် ။
မော်ဒန်ကဗျာသည် ကာရန်မဲ့ / ပျက် ကဗျာဖြစ်သော
ကြောင့် ကဗျာမဆန်ဟု ဝေဖန်ခံခဲ့ကြရသည် ။
မော်ဒန်ကဗျာ သည် ကာရန်ပါ ၊ မပါ ကို အဓိကထား
သော ကဗျာမဟုတ်ပါ ။ ကဗျာသုံးဘာသာစကား ကို
ဆန့်ကျင်၍ အရပ်သုံးစကားလုံးတွေ ၊ နိမိတ်ပုံ သင်္ကေ
တ တွေ ၊ အသံစီးဆင်းမှုတွေ ကို အဓိကထားသော
ကဗျာအမျိုးအစားသာဖြစ်ပါသည် ။ ဒါဆို နိမိတ်ပုံတွေ
ကို နားမလည်ပါဘူး ဟူသော အကြောင်းပြချက်ပေး
နိုင်သည် ။ နိမိတ်ပုံမှာ မော်ဒန် ကဗျာက စတင်တီထွင်

လိုက်သောအရာမဟုတ် ကြောင်းကို မြန်မာကဗျာနှင့်
ဥပမာပေးရလျင် -
" လေခ မြေသက်
ဈာန်ဝိတက်သို့
သစ်ရွက်ရော်ရီ
ဣန္ဒနီဝယ်
သိင်္ဂိတစ်ဝက်
ဖက်၍ဆေးစုံ
ခြယ်သောပုံလို ..."
အထက်ပါ သျှင်ဥတ္တမကျော်ရေးဖွဲ့ခဲ့သော ကဗျာကိုကြည့်
ပါ ။ နိမိတ်ပုံ တွေ သင်္ကေတတွေ ကိုမြင်ပါသလားခဗျာ။
ဆက်လက်၍ နတ်သျှင်နောင်စပ်ဆိုခဲ့သော ရူပကလျာ
ဘွဲ့ ပိုဒ်စုံရတုမှ စကားလုံးတွေကို ကြည့်ပါ....
" လှဆုံးတင့်နေ ၊ ထုံသရေလည်း ၊
ထွေထွေကြည့်တိုင်း ၊ ပြစ်မျိုးရိုင်းသည် ၊
စံခိုင်းလှော်သစ် ၊ ရွှေနှယ်နှစ်မျှ ၊
တင်ပြစ်မစက် ၊ လဲ့လဲ့ညက်ကို ၊
ထက်နတ်ဘုံနေ ၊ ခုသာကြွေသို့ ၊
တင်ချေ ရှုမြော် ၊ အကျော်ပျံ့မွှန်း ၊
ဝင်းငြိမ့်ရွှန်းကို ၊ တောင်နန်းနေလော ၊
နတ်နေလော ဟု .... "
ကြည့်ပါ ... နတ်သျှင်နောင်က ဓာတုကလျာ၏ အလှ
အာရုံတွေကို နိမိတ်ပုံတွေနှင့်ရေးဖွဲ့သွားခဲ့သည် ။
လူတိုင်းနားလည်သည် ။ လက်ခံသည် ။ ဒါတွေက
လူမှုသဘာဝနှင့်နီးစပ်သော နိမိတ်တွေ ၊ အရိပ်တွေ
သာ ။
မော်ဒန်ကဗျာတွင်သုံးသော နိမိတ်ပုံတွေ ကိုရော ဘာ
ကြောင့်နားမလည်ဟု တဖက်သတ်ငြင်းဆန်ကြပါသ
နည်း ။ ကဗျာမဆန်ဟု အတ္တဆန်စွာ ဆန့်ကျင်ကြပါ
သနည်း ။ မော်ဒန်ကဗျာတိုင်းသည် နားလည်နိုင်သည်
ဟု ကျွန်တော်မဆိုပါ ။ မသိစိတ်အလျင်ကိုအခြေံခံသော
နိမိတ်ပုံ သည် လူတိုင်းနားလည်နိုင်သည်တော့မဟုတ်။
ဒါပေမယ့် ကဗျာအုပ်စုကြီးတစ်ခုလုံးကို ပြစ်တင်ဝေဖန်
သော တိုက်ခိုက်မှုများကို ကျွန်တော်ဆန့်ကျင် ငြင်းဆန်
ပါသည် ။ ကျွန်တော်သည် " ကဗျာ " ဟူသောခေါင်းစဉ်
အောက်မှ ကဗျာရေးသူတစ်ယောက်သာဖြစ်ပါသည် ။
အရပ်သုံးဘာသာစကားနှင့် ပြောရလျင် အဖေ့အမျိုး
တွေဘက်လဲ မပါနိုင် ၊ အမေ့အမျိုးတွေဘက်လဲ မပါနိုင်
ကြောင်းပါ....
လွန်တာရှိ ၊ ဝန္ဒာမိပါခင်ဗျားးးးးးးး ။
မှီငြမ်း ။ တက္ကသိုလ်ဘုန်းနိုင် - ကဗျာ၏ သင်္ခါရနှင့်
နိယာမ ။
အိမ်မက်ကျွန်းဆိုဒ်တွင်တင်ထားသော -
စာပေသစ်မှ ထင်းရှူးရိပ်သို့ (ရေးသူမသိပါ)
ဆရာသစ္စာနီ ၏ သက္ကရာဇ်မျဉ်းများ ။
_____________________________________________
ကျွန်တော်၏ စာပေဝမ်းစာမပြည့်မှုကြောင့် ထိခိုက်နစ်
နာမှူနှင့် အမှားရှိပါက အနူးညွတ်တောင်းပန်ပါသည် ။