ခပ်ဝေးဝေးက ကျွန်တော်ချစ်တဲ့
ခိုးခိုးခစ်ခစ် ရယ်သံတွေကြားတယ်
ဆောင်းနှင်းတွေကလဲ
တေးသီချင်းတွေ တဖွဲဖွဲဆိုလို့
မာယာမည်သော ဂစ်တာ
ငါ့ကိုတီးပြပါ ... ခရမ်းပြာ
ခိုးခိုးခစ်ခစ် ရယ်သံတွေကြားတယ်
ဆောင်းနှင်းတွေကလဲ
တေးသီချင်းတွေ တဖွဲဖွဲဆိုလို့
မာယာမည်သော ဂစ်တာ
ငါ့ကိုတီးပြပါ ... ခရမ်းပြာ
ရွှဲစိုနေတဲ့ နီယွန်ညလေး
ငါ့ကြောင့် ဆွေးသွားတယ်
တဖြည်းဖြည်း.....
သတိရခြင်းတွေ ဝေလို့ ...
လှလို့ ...
မြင်လိုက်စမ်းပါ ခရမ်းပြာ
ယမ်းခါနေတဲ့ သံစဉ်တွေကြား
ရင်ခုန်သံ ဝေဝါးကွဲအက် ...
မနက်တွေကို ခရီးဆက်ရန်
မရှိ ။
မြင်လိုက်စမ်းပါ ခရမ်းပြာ
သန်းခေါင်ယံ နှင်းတွေကြား
ငြင်းဆန်ထားမိတဲ့ ငြိမ်းချမ်းရေး
ငါ့ခန္ဓာပေါ်တင်သွေးပါ ....
လိင်စိတ်ကြွနေတဲ့ ဓာတ်တိုင်အောက်
ငါ့နှလုံးသားအကွဲအရှတွေ ပြန်ကောက်နေချိန်
မြက်ရိုင်းလွင်ပြင်ထဲက နှုတ်ခမ်းလေးထံ
ငါ ... ပြန်လွမ်းမိတာ အချစ်လား ။
ပြောပါ ခရမ်းပြာ
ယိမ်းခါနေတဲ့ နှင်းတွေကို
ရင်ဘတ်ထဲမှာ သိမ်းထုတ်
ငါက ... မိုးချုပ်နေတဲ့လူ လို့...
ပြောပါ ....
တစ်ခါတလေ
ကမ္ဘာမြေကြီးကို ပြန်ထမ်း
တစ်ယောက်ထဲလွမ်းနေရတာ
ပျင်းစရာကြီး ခရမ်းပြာ ....
ပန်းဘာသာနဲ့ ငါ့ကိုခေါ်ပါ ။
ညက
ကြေကြေကွဲကွဲကြီးမှောင်ပြ
နောင်ဘဝမှ ဆက်လွမ်းရန်
အခု ....
မင်းအိပ်တန်းပြန်ပါ မင်းခသူ
ညက ...
ငါ့ကို ပြန်မြူ ဆွယ်
တစ်ကယ်ကြီး ...
ငါ ရယ်မောပြလိုက်တယ် ခရမ်းပြာ ။
ဟော ...ဟိုမှာ
နှင်းတွေတောင် ပြာ နေပြီ ။
ငါ့ကြောင့် ဆွေးသွားတယ်
တဖြည်းဖြည်း.....
သတိရခြင်းတွေ ဝေလို့ ...
လှလို့ ...
မြင်လိုက်စမ်းပါ ခရမ်းပြာ
ယမ်းခါနေတဲ့ သံစဉ်တွေကြား
ရင်ခုန်သံ ဝေဝါးကွဲအက် ...
မနက်တွေကို ခရီးဆက်ရန်
မရှိ ။
မြင်လိုက်စမ်းပါ ခရမ်းပြာ
သန်းခေါင်ယံ နှင်းတွေကြား
ငြင်းဆန်ထားမိတဲ့ ငြိမ်းချမ်းရေး
ငါ့ခန္ဓာပေါ်တင်သွေးပါ ....
လိင်စိတ်ကြွနေတဲ့ ဓာတ်တိုင်အောက်
ငါ့နှလုံးသားအကွဲအရှတွေ ပြန်ကောက်နေချိန်
မြက်ရိုင်းလွင်ပြင်ထဲက နှုတ်ခမ်းလေးထံ
ငါ ... ပြန်လွမ်းမိတာ အချစ်လား ။
ပြောပါ ခရမ်းပြာ
ယိမ်းခါနေတဲ့ နှင်းတွေကို
ရင်ဘတ်ထဲမှာ သိမ်းထုတ်
ငါက ... မိုးချုပ်နေတဲ့လူ လို့...
ပြောပါ ....
တစ်ခါတလေ
ကမ္ဘာမြေကြီးကို ပြန်ထမ်း
တစ်ယောက်ထဲလွမ်းနေရတာ
ပျင်းစရာကြီး ခရမ်းပြာ ....
ပန်းဘာသာနဲ့ ငါ့ကိုခေါ်ပါ ။
ညက
ကြေကြေကွဲကွဲကြီးမှောင်ပြ
နောင်ဘဝမှ ဆက်လွမ်းရန်
အခု ....
မင်းအိပ်တန်းပြန်ပါ မင်းခသူ
ညက ...
ငါ့ကို ပြန်မြူ ဆွယ်
တစ်ကယ်ကြီး ...
ငါ ရယ်မောပြလိုက်တယ် ခရမ်းပြာ ။
ဟော ...ဟိုမှာ
နှင်းတွေတောင် ပြာ နေပြီ ။