ရတနာပုံသို့ လျှောက်လဲချက်

နွေဦးအတိတ် ၊ လေရူးရိပ်ဆင် ၊
မူးမှိတ် ရင်ခုန် ၊ ဘဝင်တုန်မော၊
မှော်ရုံ တောမှ ၊ သမုဒယ ခြွေ ၊
ယုယ ဖြေဖို့ ... ၊ မျက်ရည်စို့သည့် ၊
ပျို့လင်္ကာတေး ၊ ရင်မှာ ရေးစဉ် ၊
အဆွေးရင်လှိုင်း ၊ ကြမ္မာရိုင်းကြောင့် ၊
တွေးတိုင်းနာကျင် ၊ မြင်မြင်လေရာ ၊
   သခင်သာ စွဲ ၊ ဘဝင်ကွဲ လု ၊
မြင် မြဲ သူ့ ကို ၊ တမ်းတပို ၍ ၊
ပျို ခင်ကညာ ၊ ငြို ငြင်ပါလည်း ၊
ရင်မှာ မမေ့ ၊ မေတ္တာမွေ့သည် ။

နေ့လီခက်ဖြာ ရင်ကွဲပါသည် ဘုရား ။      ။

ကြွေဖူး အရိပ် ၊ ဖြေ မူး, ဖိတ်စင် ၊
ဆူးဆိပ် ,ရင်ဖြို ၊ မကြင် ပျို ညာ ၊
သွေလိုပါလျင် ၊ မငြို ငြင်သား ၊
ရင်ခွင် ခြားလည်း ၊ တပါး သည်းနု ၊
မျှော်ဆဲ သူ့ကို ၊ ယုယ ပိုချင် ၊
ဘယ်လိုပင်ယိမ်း ၊ သခင်တိမ်းလေ ၊
အစိမ်း ခြွေပါ ၊ နွေကုဋာ ဝယ် ၊
ကြွေကာသက်ဆင်း ၊ နေပူပြင်းထဲ ၊
မငြင်းရဲ လူ .... ၊ မင်းခသူ ဟု ၊
ပြင်းရှ ပူ မီး ၊ တစ်ကိုယ်တည်းမို့ ၊
ခရီး မတွေ့ ၊ ရင်မှာသွေ့ သည် ၊

ဝေ့သီမျက်ဖြာ ခင် ခွဲပါသည် ဘုရား ။      ။

......

( ဘုရားတိုင် အဖြည့်ခံရတု )