ဗိုင်းရပ်စ် ကိုက်သွားတဲ့ ကဗျာ

မင်ရည်ကျဲကျဲ ကင်းဗတ်ပေါ်က
ဝတ်လစ်စလစ် တောင်တန်း ...
ဂျုံခင်းတွေထဲဖြတ်သန်းသွားတဲ့ လေမှာ
ကိုယ့်မေတ္တာတွေပါနေတယ် လိုင်ဇာ .....

ဘဝဟာ အစိတ်စိတ်အမွှာမွှာကွဲရှဖူးပါရဲ့
   ငါနဲ့..... ကြက်သီးထနေတဲ့ဆောင်းညလေး
အနွေးဓာတ်လေးပျောက်ရှ ၊
အဆွေးဓာတ်လေးတောက်ပ ၊
ဆန္ဒရဲ့ အရသာပျက်မှုတွေဟာ
နောက်ဘဝမှာ ရှိတန်ကောင်းရဲ့ ။

ဒီလိုပဲပေါ့ ....
လွန်ဆန်မရတဲ့ သံတိုင်တွေကြားမှာ
မှိုင်တွေ ဝေဝါးသွားရှာတဲ့ ကဗျာလေး
သူကလေးရဲ့ mp3 ထဲမှာ ....
သူကလေးရဲ့ Diary ထဲမှာ ....
သူကလေးရဲ့ နှုတ်ခမ်းဖျားမှာ ...
ခိုနားခွင့်မရှိတော့
တွယ်ရှိုက်ခွင့်မရှိတော့
ကိုယ်တိုင်မသိတော့တဲ့ သောကမြစ်ထဲ
မျက်ရည်ဝဲနေတဲ့ " လူကလေး " ...

အဖေကယ်ပါ ... အမေကယ်ပါ
ကယ်ပါ ယူပါ တစာစာနဲ့ပဲ ...
လွမ်းလိုက်ရတယ် လိုင်ဇာ ...
ငိုစရာတွေ ထိုးသိပ်ထားတဲ့ကမ္ဘာကြီးထဲ
မီးညွှန့်ကျိုးမှ ပြန်လာရဲတယ် - တဲ့လား ။

ကျည်ဆန်တွေဆောင်းပြီး
ယမ်းမီးခိုးတွေ ဝတ်ထားတဲ့မြေ
တို့တွေ ...
နာကျင်ဝမ်းနည်းမှုတွေနဲ့ပဲ
လွမ်းသူ့ပန်း " ခွေ " လိုက်ကြရအောင် ။

လက်နက်မဲ့ ငြိမ်းချမ်းရေးတရားဟာ
ဗိုလ်အောင်ဆန်းခေတ်မှာ သေခဲ့ပါပြီ
လိုင်ဇာ ...
ခိုင်မာလေးနက်သော ရင်ခွင်ထွေးလို့
သူကလေးတို့ကို စောင့်ရှောက်ပါ .....

ငါ .... အမိုက် ငနဲတွေသတ်ဖို့
တိုက်ပွဲဝင်ရဦးမယ် .....