ရေစုန်မျောလိုက်ကြရအောင် အချစ်ရယ်
ပူဆွေးခြင်းတွေထဲ နစ်မွန်းနေရတာ ...
ကမ္ဘာကြီးလုံးဝန်းတယ်ဆိုတဲ့အကြောင်း
မျှော်လင့်ချက်တွေ အရောင်ပြောင်းပြခဲ့ပြီပဲ ။
တံခါးတွေ တစ်ချပ်ပြီး တစ်ချပ်
တံတားတွေ တစ်စင်းပြီး တစ်စင်း
ရက်ရာဇာကင်းတဲ့ လောကကြီးကို
အဖွင့်အပိတ်တွေတိုင်း မုန်းတီးနေခဲ့ပြီ
ကိုယ့်ဘဝမှာ ပိုထရီတွေ သေခဲ့ပြီလေ...
ပူဆွေးခြင်းတွေထဲ နစ်မွန်းနေရတာ ...
ကမ္ဘာကြီးလုံးဝန်းတယ်ဆိုတဲ့အကြောင်း
မျှော်လင့်ချက်တွေ အရောင်ပြောင်းပြခဲ့ပြီပဲ ။
တံခါးတွေ တစ်ချပ်ပြီး တစ်ချပ်
တံတားတွေ တစ်စင်းပြီး တစ်စင်း
ရက်ရာဇာကင်းတဲ့ လောကကြီးကို
အဖွင့်အပိတ်တွေတိုင်း မုန်းတီးနေခဲ့ပြီ
ကိုယ့်ဘဝမှာ ပိုထရီတွေ သေခဲ့ပြီလေ...
နွေနှောင်းလွန်စ
လွယ်အိပ်ထဲက ရွက်ဝါလေးများ
ကုပ်ခြစ်ပြောကြားသွားတဲ့ တရား
နားဆင်ပါ .... နားဆင်ပေးပါ ....
ကိုယ်တို့ နွေးထွေးစွာ ဝေးလိုက်ကြပါစို့
ဟိုး...မှာ တိမ်တွေညို့ခဲ့ရင် ကိုယ့်ဝမ်းနည်းခြင်းပဲ
တစ်ကယ်တော့ သေကွဲ ရှင်ကွဲဆိုတာ ...
ဖန်ကွဲစတွေရဲ့ စိတ်လိုလက်ရငိုကြွေးခြင်းပေါ့
မငိုနဲ့နော် ...
ခေါ်သံလိုလိုကြားရင် မငိုပါနဲ့
အုပ်ဂူတစ်လုံးထဲမှာ ပုန်းကွယ်နေသူရဲ့
ဖြစ်လွယ် ပျက်လွယ်ကဗျာတစ်ပုဒ်ကို မေ့ပါ
သတိရရင် ယောင်ယမ်းမခေါ်နဲ့ အချစ်ရယ်
အဝါရောင် ပြောင်းလဲခြင်းရဲ့ ဓမ္မတရား ....
သင်္ခါရမျဉ်းများရဲ့ လားရာဖြောင့်တန်းမှု
မငိုနဲ့ ....
မငိုနဲ့ ကွယ် ။
....................
....................