ပန်းဘွဲ့ - လေးထပ်ကြော့စကြာတေးထပ်

ပန်းကဗျာ ပန်းတွေဝဲ
ပန်းခြွေလဲ ပန်းဝေ
ပန်းတွေကျဲ ပန်းမြေဝယ်
ပန်းရွှေနွယ် ပန်းစွဲ ။
ပန်းရနံ့ ပန်းပျံ့ထုံတယ်
ပန်းရင့်ငုံ ပန်းပွင့်အမြဲ ။
  
ပန်းပွင့်ဖတ် ပန်းပွင့်လွှာ
ပန်းဆင့်ညှာ ပန်းဝဲ
ပန်းဝင့်ကာ ပန်းပဲမို့
ပန်းအသည်း ပန်းဖြာ ။
ပန်းမိုးစွေ ပန်းသတင်း
ပန်းတခင်း ပန်းနံ့ဝေကာ ။

ပန်းဂုဏ်ဝင်း ပန်းငွေဇာခြယ်
ပန်းတွေဟာ ပန်းမိုး သို့
ပန်းမညှိုး ပန်းရွှေရောင်
ပန်းနံ့ဂုဏ်ဆောင်
ပန်းဆင့်လို့ ပန်းပွင့်အောင်ကွယ်
ပန်းနှင့်မောင် ပန်းခူးခဲ့လေး ။

☆ ☆ ☆ ☆ ☆ ☆ ☆ ☆ ☆ ☆ ☆ ☆ ☆ ☆ ☆ ☆ ☆