နွေကညာ ( နွယ်သာကီသံဖြတ် )

တမ်းမပြေ
လွမ်းလေ
နွမ်းနေ တမ်းတ
ပန်းကြွေနွမ်းလျ မြေထက်ပုံ
စမ်းရေခမ်းမှ ကြွေရက်ပုံလေ့ .... ။

နွေအခါ
ကြွေရှာ
ဖြေစရာ မှန်းဆ
သွေမကြာလှမ်းမှ ပြေမက်ပုံ
အဝေရာနန်းက စေရက်ပုံလေ့ .... ။

သြော် ....
ပန်း, ပန်းချီ
လွမ်းစီ
တမ်းရည် နမ်းမှ
ကျွမ်းသည်ကျွမ်းဘဝ ဖြေခက်ပုံ
လှမ်းမမီပန်းလျ ခြွေခက်ပုံလေ့ .... ။

အခုတော့ကွယ်.....
မကြင်သာပါ
ရင်အလွှာမှာ
ကြင်နာပါကွဲ့ သက်လယ်ရဲ့
ရင်နာပါနဲ့ မျက်ပြယ်လှည့် ။

ရင်ခွင်ထဲမှာ
ကြင်သဲညှာ
စွဲကာနေမယ့် ကညာနွဲ့
လွဲကာနေရဲ့ မလာခဲ့ ။

အိမ်မက်ထဲမှာ
အမြဲသာ
အသည်းမှာကွဲ့ ကဗျာဖွဲ့
မနွှဲသာခဲ့ ကညာနဲ့ ။

သြော်....
မကြွေသာခဲ့လည်း
ဖြေစရာမဲ့ ဆဲ
နွေခါရဲ့ အထဲမှာ
(ကိုယ်က ...)
ဖွေရှာခဲ့မြဲပေါ့လေး ။ ။

( လေ့လာရင်း ရေးသားထားခဲ့ခြင်းကြောင့် အမှား
ပါရင် သည်းခံခွင့်လွတ်၍ ထောက်ပြပေးပါခင်ဗျာ)

မင်းခသူ (ကဗျာ Diary)