ညို့ညို့ညို ဝတီကြောရယ်နဲ့
နန်းမြို့တခို မဒီပေါပါဘိ
မောစရာအတိ လွမ်းဖွယ် ။
ရွှေမြို့သူ ညိုညိုချောပေမို့
ကြွေလို့တမူ ကိုကိုပြောမှာက
ပျိုပျိုချော နတ်သက်ကြွေကြောင့်
ချစ်မြတ်နေ တိတ်တခိုးပါပေါ့
အရိပ်မိုး သူ့ဂုဏ်မာနတွေနဲ့
လူ့ဘုံဘဝမှာ တပင်စံမို့
ကြင်ပိုင်ရန် အလှမ်းကွာရဲ့
သြော်... မှန်းဆကာရွယ် ။
နန်းမြို့တခို မဒီပေါပါဘိ
မောစရာအတိ လွမ်းဖွယ် ။
ရွှေမြို့သူ ညိုညိုချောပေမို့
ကြွေလို့တမူ ကိုကိုပြောမှာက
ပျိုပျိုချော နတ်သက်ကြွေကြောင့်
ချစ်မြတ်နေ တိတ်တခိုးပါပေါ့
အရိပ်မိုး သူ့ဂုဏ်မာနတွေနဲ့
လူ့ဘုံဘဝမှာ တပင်စံမို့
ကြင်ပိုင်ရန် အလှမ်းကွာရဲ့
သြော်... မှန်းဆကာရွယ် ။
အခုတော့ဖြင့်ကွယ်....
ကြမ္မာမပိုင် အခြေမပေးလေတော့
သံသရာတိုင် အနေဝေးပြီထင့်
အဆွေးရွာ အလွမ်းရပ်ဆီက
အတွေးမှာ အမှန်းခက်တာကြောင့်
တမ်းမက်ကာ ဝေဒနာလေးတွေနဲ့
နွေခါတေးတွေ ညီးမပျယ်တယ် ...
ကွယ်.... ခရီးနယ်အလွန်ဝေး ။
လောကကြမ္မာ ....
သောကအလွှာ ရင်မှာပိုက်လို့
မောလျကာ ဘဝင်မိုက်ပါပေါ့
မကြင်ထိုက်သူ ချစ်မိတာကြောင့်
အပြစ်ရှိသလို အယူခံခွင့်တွေနဲ့
သူမာန်ဝင့် မျက်နှာလွှဲရင်ဖြင့်
အခက်ပါပဲ အလှမ်းဝေးပေမယ့်
အချစ်ရယ် .... လွမ်းမိချင်သေး ။
မင်းခသူ (ကဗျာ Diary)