ဆောင်းတစ်ကောင်လို
ပြာလဲ့ စိမ်းစိုသွားခဲ့တဲ့
ဆူးရိုင်းပင်တွေကြားမှာ
ကိုယ့်ကိုယ်ကို....
စိတ်လွတ်ကိုယ်လွတ်
ပစ်ထားလိုက်မိတယ် ။
ကိုယ့်ရဲ့ ချစ်သောမေ
နွေအနန္တတို့ပေါက်ကွဲ
ခပ်ယဲ့ယဲ့ ရင်ခွင်ထဲက
သံလွင်တစ်ခက်ကို
မြင်ပါ ..... ။
လွမ်းရတယ် ဆိုတာ
အနာမဲ့ ဒဏ်ရာတစ်ခုလို
အတွင်းကြေ ယိုယွင်းခဲ့တဲ့
ကင်ဆာအရင်းမြစ်ပါပဲ မေ ။
မေ.ဲက
ဆွံ့အသွားခဲ့ရတဲ့
ရင်တွင်းခေါ်သံများ
ကြားပါရဲ့လားမေ ။
ကြယ်စင်တွေ ဖမ်းဆုပ်
ဟောဒီ လက်ခုပ်ထဲက
စုတ်ပြဲ အိမ်မက်တွေနဲ့
ရှင်သန်နေသူပါ ...မေ
မြင်ပါရဲ့လား....။
ကမ္ဘာ့နိဂုံးအထိတိုင်
မယိမ်းယိုင်သစ္စာတရားနဲ့
ဝပ်တွား ၊ ချစ်သွားပါရစေ
မေ....။
မင်းခသူ