သခင် မစိမ်းပါနဲ့
ရင်မငြိမ်းတာလဲ သိပါကွယ် ။
မုန်းမာန်ပျိုး အကြည့်စိမ်းတွေနဲ့
ယိမ်းကညာ ဂုဏ်မြင့်သူရယ်မို့
ဆုံခွင့်မသာ မျှော်မှန်းကာပဲ
မေရယ် .... လွမ်းရပါတယ် ။
သိပ်ခက်တယ်ကွယ်...
နှိပ်စက်ကာ သခင်ပုန်း ။
သြော် ... ရင်နှလုံးမှာတော့
သခင်မုန်းမှာ စိုးရွံ့ကာပဲ
မတိုးဝံ့ပါ ခြေတစ်လှမ်းသော်မှ
နွေအလွမ်းတွေ ထွေးပိုက်လို့
ဝေးထိုက်ကာ ကမ္ဘာဆုံးသည်ထိ
မေရယ် ... မုန်းရက်နိုင်တုန်း ။
မင်းခသူ