ရနံ့မသင်းတဲ့ကဗျာ
တစ်ခုသောဆောင်းရာသီက
စတယ်…။
ဘဝဆိုတာ…
ပုစ္ဆာတွေနဲ့ချုပ်နှောင်ထားတဲ့
လှောင်အိမ်လေးပါပဲ ။
သော့မရှိ ၊ ကြိုးမရှိ
တစ်ကယ်တော့….
မိုးအမြင့်လဲမသိခဲ့ ။
ရင်ဘတ်ကိုပုံတူကူး
ကဗျာတွေလူးလာပျံသန်း
အလင်္ကာပန်းကလေးတွေပျိုး
တစ်ရေးနိုးချင်ခဲ့ပါပြီ…သခင်
။
တစ်ခုသောရာသီ
တစ်လွှာသောဆောင်း
ဂူအောင်းနှင်းလူ
မင်းခသူဆိုတဲ့ကောင်
အမေဟာလူ့ဘောင်သွတ်သွင်း
အကျဉ်းချထားခဲ့၏ ။
ကန္တာလမ်းမှာ…စမ်းတဝါးဝါး
ဘယ်လမ်းကိုဖောက်
ဘယ်သို့လျှောက်ရမည်နည်း
။
နောက်မနက်ဖန်များသည်
ငါ၏ ဒဏ်ချက်များဖြင့်
လှပကြကုန်အံ့ ...
အေးရှ ကြကုန်အံ့ ....။
ကိုယ်ပိုင်ယဉ်ကျေးမှု
ကိုယ်ပိုင်အနုပညာ
ကျွန်တော့် ပိုင်ဆိုင်မှုက
ခေါင်းစဉ်တစ်ခုသာသာ
အဲဒီ မုတ်သုန်တွေထမ်းလို့
လျှောက်လမ်းခဲ့ရတာလဲ
ကမ္ဘာတစ်ခုစာ
ကြာ ... ပါ ... ပြီ ။
*********************
မင်းခသူ (ကဗျာ Diary)