မြနန္ဒာသို့ ....(၄)



နွေဘဝဆိုတာက
ကြွေပြစရာရှိမှာပဲမေ ။

လက်ပံတွေမြေမှာ ရဲ
သြော်...သင်္ခါရပဲလေ ။

ကြင်နာသမျှ ၊ ရင်အနာတရတွေနဲ့
တမင်စာသနေတဲ့ တပေါင်းနွေ
( မြနန္ဒာရေ ....)
နှောင်းအတိတ်တွေ ပျံ့ကြဲ ။

တော်မဝင် ....
နွေရင်ထက်မှာ ငုဝါပန်းတွေလိုပါပဲ
မြေပြင်သက်ကာ သူ့မှာနွမ်းနေလဲ
ပန်းကြွေမို့ မျက်နှာလွှဲချင်စမ်းပါနဲ့
စွဲလမ်းစွာ သခင်နမ်းမှာပဲရယ်လို့
တို့လေ... ရည်မှန်းနေဆဲ ။        

                                မင်းခသူ