မောင့်...မိမိငယ်

အရှုံးသမားပေမယ့်
မုန်းမပွါးနိုင်ဘူး မိမိငယ် ...။

ပန်းအမိုက်ပေမို့
အလိုက်သိစွာ စာနာနားလည်
တို့က...
အလွှာခြားတယ် ဆိုပေမယ့်
အချစ်မှာ ....
ဘာသာတရားတွေ မလိုပါဘူး
စူးမိတဲ့ ဖက် အဖြစ်မှာတော့
နှစ်လိုကာ ခွင့်လွတ်ခြင်းတွေနဲ့
ရင့်ကျက်ချိန်ဝယ်...။


သူထားကာ မကြင်တိမ်းလို့
ယူသွားပါ ရင်မငြိမ်းနိုင်တဲ့
သူစိမ်းသာသာ ဘဝသမားကိုဖြင့်
ခဏမှားကာ ချစ်ခဲ့သူရယ်....
ခုဘယ်ဝယ် သခင်ပုန်း ။

သြော်...အသစ်ပြောင်းလိုတော့
အချစ်ဟောင်းကို မေ့ပြီထင်ရဲ့
နေ့အလီလီ ဆိုကာတေးတွေနဲ့
ငိုကြွေးကာ မျှော်တနေသော်လဲ
ညီမငယ်ရေ...
ခေါ်မရပါ တမင်ထားကာဖြင့်
ခင် မသနားစွာ တစ်ဖက်သက်မုန်းသမျှ
တို့က...အိမ်မက်တွေသုဉ်း ။      

                                                                  မင်းခသူ