မြနန္ဒာသို့ (၇)



ရင်အလွမ်းကိုတဲ့
မြင်စမ်းပါလှည့် ခင်ခင်ရယ် ။

အိပ်မရသော ညပေါင်းတွေက
စိတ္တဇအမောကြာညောင်းလေတော့
ဆောင်းအလယ်မှာ ကိုယ်မနွေးသာဘူး
ဆွေး ,ဆွေးနေတယ်

လဝန်းပြာအလင်းနဲ့
မြကျွန်းသာခင်းတဲ့ ဒီကမ္ဘာဝယ်
သီတာနွယ် ဘယ်မှာလဲ ။

ဒွိဟအတွေး...
အသိမှဆွေးလို့ မဖြေသာ
မြေတစ်လွှာ မိုးတစ်ဆုံးကိုတဲ့
မေကညာ မုန်း ,မုန်းခဲ့သလားဟု
ညှိုးချုံးကာ သောကအပူတွေနဲ့
စိုးမိုးကာ မောဟလူမှာဖြင့်ကွယ်
မောလျဆူ အတွေးတွေပိုက်လို့
အချစ်ရယ်…… ငိုရှိုက်နေဆဲ

                                မင်းခသူ