ပိုင်ခွင့်မသာတဲ့ ခိုင်ကညာ သို့






တစ်ဖက်သက် ချစ်သဘောရယ်က
အဆက်ဆက် ရစ်သောနွယ်မို့
နှစ်မောဖွယ် အကြည့်လေးတွေနဲ့
အသိတွေးမှာ ဝေဝါးအောင်တော့
(မာယာများလို့ဖြင့်...)
မစေစားပါနဲ့ ခိုင် ။

အသည်းစိုင်မှာ...
စွဲခိုင်စွာ နှောင့်ကြိုးတွေက
မောင့်အရိုးတိုင် စူးနစ်ဝင်လို့
မူးယစ်ချင် ခိုင့်အလှမှာပဲ
လှိုင်းထကာ လန်းခွင့်မပိုင်ဘူး
ခိုင်ရယ်....နွမ်းလွင့်ခွေယိုင် ။


သြော်...တစ်ကယ်နဲ့ အိမ်မက်မှာတော့
အိမ်မက်တွေ တစ်ကယ်မဖြစ်ပေမယ့်
ရွယ်အချစ်တွေ တိုးကာလှိုင်
စိုးဗျာဆိုင် နွေအသည်း ။

ရင်လွှာမှာ...
ကြင်နာစွာ သစ္စာစစ်တွေမို့
ခင်လာကာ မေတ္တာရစ်ချည်
ချစ်ကမ္ဘာ ရင်ခွင်နန်းမှာဖြင့်
အစဉ်လှမ်းကာ သမုဒယတွေနဲ့
ခိုင်ရယ်... ယုယချင်လဲ ။

                          မင်းခသူ