မောင့်...ချယ်ရီ

   

တစ်တောင်လုံးမှိုင်း
ငွေတိမ်လှိုင်းကြားက ချယ်ရီ ။

နှင်းရည်ခြုံလွှမ်းပါတဲ့
ဘုံကြငှန်းအမြင့်မှာလ
ဝင့်ထည်စွာ သူလေလန်းပွင့်
အခုတော့ဖြင့်...
နမ်းခွင့် မရှိပြီ ။

ဆောင်းတစ်ညရဲ့ ဒဏ္ဍာရီ
သံသရာချီအောင် လွမ်း ။

ပန်းမကိုဋ်ပေမို့
နမ်းရှိုက်ကာ မွှေးချင်ပေမယ့်
ရှက်သွေးဖြာလေမလားရယ်လို့
အတွေးမှာပင် မနမ်းရက်လေဘူး
(အခုတော့ကွယ်...)
အသက်ပေးကာ ယုယချင်လဲ
အနုအလှတွေ နမ်းကြူချင်တဲ့
လှမ်းသူမှာ အလွန်များတာကြောင့်
ငကျွန်မလိမ္မာနောက်ဆုတ်ကာပဲ
(လွမ်းနေဆဲရယ်မှကွယ် )
တစ်ယောက်ထဲ လွမ်း.....။

                                   မင်းခသူ