မိုးမခ အလွမ်းတွေနဲ့
ဟိုး...တစ်ညကို တမ်းတစဉ် ။
လျှပ်နွယ်ဆင် တိမ်ညိုမှိုင်းပြန်တော့
သက်လယ်ခင် ကျိန်ဆိုခိုင်းသံလား
လှိုင်းထကာ ရင်နှလုံးကြေလို့.....
ခင့် အမုန်းတွေရင်မဆိုင်ဝံ့ပါဘူး
သင်ပုန်းချေ ကြင်ပိုင်ခွင့်ကိုဖြင့်
တွေးချင့်ပါ ခင်....။
မခွဲအတူ...
အသည်းလှူ ချစ်သမျှတွေက
ဆွဲယူကာ ပစ်ချခဲ့လေသလားလို့
လှစ်ဟကာ အပူမငြိမ်းနိုင်တဲ့....
အယူတိမ်းသူ ခင်တပါးရယ်က
မသနားညှာလို့ တိမ်းမာန်ဝင်
သြော်...
သူစိမ်းဆန်ချင်ပေါ့ ခင့်အပြုံး ။
သုဘဒ္ဒါအသွင်...
လုယက်ငင် ဆဒ္ဒန်အချစ်ကိုတဲ့
တုဘက်မြင် မင်း,မျက်မာန်ပြစ်ဆိုလို့
အတင်းသတ်ရန် သောနုတ္ထိုရ်အား…
ကိုယ်စားစေ အစွယ်ချိုးရယ်လို့
မယ့်အငြိုးတွေ ရင်နင့်စွာပဲ
ခင်,ဝင့်ဝါ အာဏာပြင်းတွေနဲ့
တစ်လွှာချင်း အသက်သုဉ်းသည်ထိ
( ခင်လေးရယ် …) မုန်းရက်နိုင်တုန်း ။
မင်းခသူ