ရွှေပြည်အလွမ်းဘွဲ့ပိုဒ်စုံစကြာရတု

ရွှေပြည် ရွှေပြည် ၊ ဆွေသာကီနန်း ၊
လွမ်းသည် လွမ်းသည် ၊ ချိန်ရာသီပြောင်း ၊
လီလီနှောင်းကာ ၊ ရက်ရှည်ကြာလင့် ၊
ဗျာပါဆင့်စေ ၊ ဝေးတစ်မြေခြား ၊
ခွေယိုင်အားပို ၊ တမ်းစာဆို၍ ၊
နေလိုကိုယ်တည်း ၊ လောင်မြိုက်မီးသို့ ၊
ညီးညီးငွေ့လျှံ ၊ အဖန်ဖန်ထပ် ၊
နေရန်ခက်သော် ၊ ထီး,မပျော်၍ ၊
တောင်ပေါ်ခင်တန်း ၊ မည်းကာလျှမ်းမျှ ၊
ဘယ်လမ်း ဘယ်ဆီ ၊ မှန်းကာရည်လည်း ၊
ဝေစီအာကာလှမ်းသောကြောင့် ။     


ဝေစီ ဝေစီ ၊ အာကာတည်ရာ ၊
လှမ်းရည် လှမ်းရည် ၊ မှုန်ဝေသီမျှ ၊
မြူချည်သိုင်းစွာ ၊ ရှစ်တိုင်းမှာလည်း ၊
နှင်းလွှာရစ်ခြုံ ၊ တောရဂုံနှင့် ၊
သားစုံမြိုင်ယံ ၊ ရှုလေဖန်က ၊
ငှက်သံကျေးနွယ် ၊ အသွယ်သွယ်တည့် ၊
ကြောက်ဖွယ်လိပင် ၊ ပြည်မဝင်သား ၊
ပူပင်အားပို ၊ မနေလို၍ ၊
ထိုထို တောမှောင် ၊ မင်းမျက်စောင်ကြောင့် ၊
မြိုက်လောင်မကြည် ၊ တမ်းစာသီခဲ့ ၊
နေရီမာလာ လွမ်းသောကြောင့် ။      

နေရီ နေရီ ၊ မာလာသီလျှမ်း ၊
မြချည် မြချည် ၊ နန်းမဟီသို့ ၊
လွမ်းစီကဗျာ ၊ အလင်္ကာဖြင့် ၊
မျက်လွှာပွင့်စေ ၊ လက်ချိုးရေတွက် ၊
သင်္ချေရက်သာ ၊ နှောင်းခဲ့ပါလည်း ၊
ရာဇာ စက်ရှင် ၊ မင်းဘုရင်သည် ၊
မကြင်ရှောင်ခွါ ၊ ကျွန်မိုက်လျာကို ၊
ထိုက်စွာပြစ်ဒဏ် ၊ သင်ကျခံ ဟု ၊
နှင်ပြန်နယ်ဝေး ၊ ရက်လ ဆွေးလည်း ၊
ဝေးခဲ့ဌာနီ ၊ နှစ်များရှည်သည် ၊
ရွှေပြည်လာရာ ကြမ်းသောကြောင့် ။      

*******************************
မင်းခသူ (ကဗျာ Diary)