မိကဗျာ သို့...



လွမ်းမပြေသမျှတွေနဲ့
တမ်းတနေရပြီ မိကဗျာ ။

အနုပညာဘဝလမ်းမှာ
သမုဝင်ကာ ခဏလှမ်းလေသလား
ချင့်တွေးစမ်းပါ ။


သခင်သွားရာ ...
တဖဝါးမခွါ လိုက်မှာပဲ ။

သခင်အနမ်းမှာ ...
ပန်းပမာကြွေလွင့်ဖူးလေတဲ့
နွမ်းကဗျာ ဝေတင့်ဦးမှာပေါ့
ခွင့်မပိုင်လျင် မပွင့်ရဲပါဘူး 
ကဗျာရယ်....ငုံဖူးနေမြဲ ။     ။