သံစဉ်တွေပျောက်နေတာတောင်မှ
ငါက...သူ့စိတ်ကိုသွားသွားခေါက်နေတုန်း ။
မာနပါးပါးလေး လိမ်းခြယ်ထားတဲ့
သနပ်ခါးပွင့်စိမ်းစိမ်းလေးကြွေဖို့
ဘဝတစ်ခုစာချခင်းထားလိုက်တယ်
သူပြန်လာမှာပါ .... ။
ကြေကွဲရပ်ဝန်းတစ်နေရာ...
နေ့စွဲမပါတဲ့ ဖန်ခွက်ထဲ
မျက်ရည်တွေရောနေဆဲ
တစ်ခွန်းစကားမှာ
နစ်မွန်းသွားရှာတဲ့
လဝန်းကြီးလဲလွမ်းတယ် ။
အဲဒီအတွက် .....
ဟောသည် ကျူးပစ်က
ဖီးနစ်ယောင်ဆောင်ခဲ့ရပေါ့ ။
ကြယ်အထောင်သောင်းကြွေတဲ့ညက
ဘဝဟာ ဖွယ်ဖွယ်ရာရာမဖြစ်ခဲ့ဘူးကွယ်
အပြစ်တွေပဲ ထိုးသိပ်သွားပါတော့ ။
နက္ခတ်မှားပြီးတော့
ရက်စက်သွားတာများလား
ငါ့မှာတော့
အက်ကွဲ ကြွေဆင်း
သနပ်ခါးပင်လေးရဲ့
ခြေတော်ရင်း မှာ...
********************************
မင်းခသူ (ကဗျာ Diary)25.09.2014/ Thurs.
ငါက...သူ့စိတ်ကိုသွားသွားခေါက်နေတုန်း ။
မာနပါးပါးလေး လိမ်းခြယ်ထားတဲ့
သနပ်ခါးပွင့်စိမ်းစိမ်းလေးကြွေဖို့
ဘဝတစ်ခုစာချခင်းထားလိုက်တယ်
သူပြန်လာမှာပါ .... ။
ကြေကွဲရပ်ဝန်းတစ်နေရာ...
နေ့စွဲမပါတဲ့ ဖန်ခွက်ထဲ
မျက်ရည်တွေရောနေဆဲ
တစ်ခွန်းစကားမှာ
နစ်မွန်းသွားရှာတဲ့
လဝန်းကြီးလဲလွမ်းတယ် ။
အဲဒီအတွက် .....
ဟောသည် ကျူးပစ်က
ဖီးနစ်ယောင်ဆောင်ခဲ့ရပေါ့ ။
ကြယ်အထောင်သောင်းကြွေတဲ့ညက
ဘဝဟာ ဖွယ်ဖွယ်ရာရာမဖြစ်ခဲ့ဘူးကွယ်
အပြစ်တွေပဲ ထိုးသိပ်သွားပါတော့ ။
နက္ခတ်မှားပြီးတော့
ရက်စက်သွားတာများလား
ငါ့မှာတော့
အက်ကွဲ ကြွေဆင်း
သနပ်ခါးပင်လေးရဲ့
ခြေတော်ရင်း မှာ...
********************************
မင်းခသူ (ကဗျာ Diary)25.09.2014/ Thurs.