ချစ်သူ၏ ပန်း ၊ ကိုယ်ကနမ်းတော့
ရှက်ရမ်း ခေါင်းငုံ့ ၊ ပြုံးတုံ့လှယ် ...။
ချစ်သူပါးလေး ၊ ကိုယ်ကမွှေးတော့
ရှက်သွေးယိုဖိတ် ၊ မျက်ဝန်းမှိတ်၏ ။
ရှက်ရမ်း ခေါင်းငုံ့ ၊ ပြုံးတုံ့လှယ် ...။
ချစ်သူပါးလေး ၊ ကိုယ်ကမွှေးတော့
ရှက်သွေးယိုဖိတ် ၊ မျက်ဝန်းမှိတ်၏ ။
သမုဒယ ၊ ယုယ ချစ်ကြင်
ပြစ်မထင်ဘူး ၊ ရင်မှာရူး၍
ဖူးတွေ့ ကိုးကွယ် ၊
တစ်နွယ်ခြေရင်း ၊ ချစ်ခြင်းအတူ
ငြင်းသူ မရှိ ၊ အထိအတွေ့
အသိမေ့သော ၊
မှော်ရုံတောမှ ဒဏ္ဍာရီ ။
အခုတော့ ခင်ရယ် ...
လွမ်းတယ်ဆိုတာ ၊ မမြင်သာမှ
ရင်မှာ ခ, သည့် ၊ တမ်းတမိ သော
မချိ ဇော ပွေ ၊ မျက်ရည်တွေသာ
တစ်ခါတစ်ခေတ် ၊ ကဗျာဖြစ် လာ
ပန်သစ္စာပေါ့ .... ။
ဟိုတစ်ခါများ ....
ချစ်သူပါးလေး ၊ ကိုယ်ကမွှေးခွင့်
မရှိသင့်တော့ ၊ တေးမနှော့ သာ
ကဗျာ မဖြစ် ၊ စာမသစ် တဲ့
ဟစ်ကြွေး ငိုညည်း ၊ ထိုခရီး က
မီးတစ်မျှ ဆူ ၊ စီးကျ ပူလောင်
သြော် ...
သူယောင်နွယ်က စိမ်းရက်သည် ။
ဒီတော့လဲခင် ...
သောကနွယ်ငင် ၊ မတွယ်ခင် ဖြတ်
အမျှင်ပြတ် မှ ... ၊ လွမ်းဆွေး တသ
သတိရ ကင်း ၊ ပျော်ရွှင်ခြင်းနှင့် ပြည့်စုံမည် ။
ကိုယ့်မှာတော့ကွယ် ...
တစ်ကယ်မမေ့ ၊ ယနေ့မျှ တိုင်
ဆွေးစိတ်ဖြိုင်သည် ၊ မျက်ရည်မြစ်ထဲ
မောဟ ဝဲ နှင့် ၊ လှိုင်းသင့် လေကြမ်း
အတောင်ပန်းလည်း ၊ ပျံသန်းဆဲပေါ့
ဇွဲမလျော့သာ ၊ မင်းခြေရာတွေ ...
ဖွေရှာနေရင်း ကြွေပါ့မည် ။ ။