မမသီရိ သို့ ပေးစာ

တဖက်သတ်ခင် ၊ ပတ်သတ်ချင်သော
ရက်မော လ နှစ် ၊ စောင့်စားဖြစ်တည်
အချစ် သီထွေး ၊ ဟစ်မည် တေးဆို ....
မဝေးလိုပါ ၊ အကြင်နာ များ
ရင်မှာဖွားမြင် ၊
တပါးခင်ကြောင့် ကျွမ်းတော့သည် ။
   သြော် ....
အိမ်မက်မှာပင် ၊ ထိမ်ဝှက်ချင် သူ
ဘဝင် ပူမီး ၊ တစ်ကိုယ်တည်းမို့
သည်းနွေကန္တာ ၊ သံသရာ ဝဲ
ဖန်လာဆဲဝယ် ၊ အသည်းနယ်ကျွံ
သောကနွံ ထဲ   ၊ ဒွန်တွဲ စိုးထိတ်
အချစ်ဆိပ်ရည်  ၊ သုံးသောက်မည်ဖြစ်
အကျွန် နစ်က.  ၊ လှစ်ဟ မဆူ
ပူသည်မညည်း  ၊ ခါးစည်း မြိုသိပ်
အချစ်ရယ်  ....
တိတ်တိတ်သာပဲ လွမ်းတော့မည် ။

မြတ်နိုး နှောင်ငင် ၊ သံယောဇဉ် ကြိုး
ရင်ဝယ်တိုး ရစ်   ၊ အချစ်ဖြစ်တည်
သစ္စာမည်သော  ၊ ဝတ်ရည်ရောယှက်
ပွင့်ဖတ် ပွင့်လွှာ  ၊ ဘာသာစုပေါင်း ....
တစ်ပွင့်ကောင်းသည့် ၊ အလှစစ်၏ ။

ဒီလိုပဲ ခင်
အကြင်အနာ ၊ ခင်လာထွေးဖက်
အဆွေးဓာတ်ပျယ် ၊ အလွမ်းကွယ်ပျောက်
မယ်တယောက်နား ၊ ခစား ချွေးသိမ့်
အေးရိပ် ထူထောင်  ၊ အလင်းရောင်ပေး
အမှောင်ဝေး စေ ၊ ကန္တာ နွေ များ ...
ကြွေသွား အသစ် ၊ အချစ်သည်သာ ရှိတော့မည် ။