မမသီရိ သို့

အပင်ပေါ်က ပန်းတစ်ပွင့်မို့
အစဉ်မျှော်တ , လှမ်းခွင့်မရှိပါဘူး
ကမ်းလင့်ကာ အဖြေခက်ပေမယ့်
လွမ်းသင့်ရာ ဝေတစ်သက်မှာဖြင့်
နွေတစ်ရက် ပွင့်စေတော့မေ လို့
ခင့်ခြေရင်း တမ်းတစဉ် ... ။

   နွေ မိုး ဆောင်း ရာသီထဲမှာဖြင့်
အခြေတစ်မျိုးမပြောင်း ကဗျာသီဆဲပေပေါ့
ခွဲရမှာ မပျော် စိုးထိတ်ခဲ့ပေမယ့်
မရဲလှပါ ကျွန်တော်မျိုးစိတ် မှာက
ညိုးအရိပ် ဘဝင်လဲ တုန် ၍ ...
အချစ်ရယ် ..... ရင်လဲခုန်ချင်  ။

အိပ်စက်စဉ်
အိမ်မက်မြင် ညတာရှည် တဲ့
သိပ်ခက်လျင် ခဏသာပြေရ
နွေဘဝ ကန္တာမြေထဲမှာတော့
မေက အမှန်သာဝေရဲမလားရယ်လို့
ဝေခွဲစကားနဲ့... ဒွိဟဝင်
ခင်ရယ် ....
မချိရပင် မောင့်ရင်ထဲ ... ။

တစ်ခါတလေ ....
ကဗျာတွေ မောင်သီကျူး ပေမယ့်
ဗျာပွေကာ နောင်ရည်စူးမိတာက
ကြည်နူးကြည့်  သခင့်ခရီးမှာတော့
အခွင့်မငြီး ပါရမီဖြည့်နိုင်မလားရယ်လို့
ကဗျာသီမွေ့ကာ ရူးခဲ့မိတာပဲခင်ရဲ့ ...
ဆူးမရှိ စံပယ်ပွင့်လို ကြူ ကြူ မွှေးလေတဲ့
သူ သူ လေး ကို ကျွန်တော်ဝေးရင်ဖြင့်
မပျော်အတွေး အလွမ်းငွေ့ ဝေဆဲမှာပဲ
ခင်ရယ် .... ကျွမ်းမြေ့ ကြေကွဲ ။           ။