မျက်ဝန်းမှာ မိုနာလီဇာရဲ့ ပန်းချီကားကို မြင်ရရဲ့
သူ့နှုတ်ခမ်းအကွေးမှာ ပန်းတွေကြွေပေးရတာ ဆန်းလား
ဒါပေမယ့် မမြင်မကန်းနဲ့လွမ်းရတာ ဆန်းတယ် ...
တစ်ယောက်က တစ်ယောက်ကို ဆာလောင်ပြီး
တစ်ယောက်က တစ်ယောက်ကို မွတ်သိပ်နေတာ
တစ်ယောက်က တစ်ယောက်ကို လင်းပြချင်တာ
လောကဓံကို ကန်ကျောက်ချင်တာ
နွေရာသီတွေ ဆန္ဒပြလိုက်ချင်တာ
ကျွန်တော့်ရဲ့ အင်ပါယာလေးဟာ
ကလေးဆန်နေတတ်တယ် ။
ဘာကိုမှ ဖမ်းဆုပ်မရခဲ့ဘူး ဘာဘီလေးရယ်
တစ်ကယ်တော့ ရာသီတွေတိုင်း မှိုင်းပြာရီဝေ
ဆန္ဒမှာ ကြယ်ကြွေနေခဲ့တယ် ....
ဟယ်လို ...... ကြားရင် နားဆင်ပါ
အင်ပါယာမှာ မင်းလာအုပ်ချုပ် ၊
ဘုရင်မ လုပ်ပေးနော် ... ။
ကျွန်တော်က စိတ်ကူးတယဉ်ယဉ်
သူမဟာ ကစားချင်နေသတဲ့ ။
လမင်းကြီး အထီးကျန်နေတာ
ပင်လယ်ကြီး အထီးကျန်နေတာ
ကဗျာတိုင်းဟာ ပျင်းစရာဖြစ်လို့
ကိုယ့်ကို နားမလည်နိုင်တာ ဘာကြောင့် ၊
ဘာအတွက် ၊ အဖြေခက် ၊ နွေရက်ရှည်မော ...
စာအုပ်လေးပေါ် ဖွင့်ဟပြောဆိုခဲ့ရတယ် ။
သခင်မရဲ့ ...
ရွှေမျက်နှာ ၊ ညို မှာစိုး
မျက်ရည်မိုး ၊ ပြို မှာစိုး
အဲဒီ စိုးရိမ် ပူပန် လောကဓံတွေအကြား
သူမကို တစ်ကယ်ချစ်တာ ဆန်းလား ။
မင်းခသူ ကဗျာရေးသည် ။
ကောင်မလေး ကလေးဆန်သည် ။
ထိုသို့ဖြင့် ချစ်မိသွားလေသည် ။
ဒါက ဖြစ်လွယ် ပျက်လွယ် သင်္ခါရတရားမဟုတ်ဘူး
ဒါက ဝေလွယ် ကြွေလွယ် နွေရာသီမဟုတ်ဘူး
ရင်ဘတ်တူရင်စူးတဲ့ ဆူးတစ်ချောင်းသာဖြစ်တယ်....
သူ့နှုတ်ခမ်းအကွေးမှာ ပန်းတွေကြွေပေးရတာ ဆန်းလား
ဒါပေမယ့် မမြင်မကန်းနဲ့လွမ်းရတာ ဆန်းတယ် ...
တစ်ယောက်က တစ်ယောက်ကို ဆာလောင်ပြီး
တစ်ယောက်က တစ်ယောက်ကို မွတ်သိပ်နေတာ
တစ်ယောက်က တစ်ယောက်ကို လင်းပြချင်တာ
လောကဓံကို ကန်ကျောက်ချင်တာ
နွေရာသီတွေ ဆန္ဒပြလိုက်ချင်တာ
ကျွန်တော့်ရဲ့ အင်ပါယာလေးဟာ
ကလေးဆန်နေတတ်တယ် ။
ဘာကိုမှ ဖမ်းဆုပ်မရခဲ့ဘူး ဘာဘီလေးရယ်
တစ်ကယ်တော့ ရာသီတွေတိုင်း မှိုင်းပြာရီဝေ
ဆန္ဒမှာ ကြယ်ကြွေနေခဲ့တယ် ....
ဟယ်လို ...... ကြားရင် နားဆင်ပါ
အင်ပါယာမှာ မင်းလာအုပ်ချုပ် ၊
ဘုရင်မ လုပ်ပေးနော် ... ။
ကျွန်တော်က စိတ်ကူးတယဉ်ယဉ်
သူမဟာ ကစားချင်နေသတဲ့ ။
လမင်းကြီး အထီးကျန်နေတာ
ပင်လယ်ကြီး အထီးကျန်နေတာ
ကဗျာတိုင်းဟာ ပျင်းစရာဖြစ်လို့
ကိုယ့်ကို နားမလည်နိုင်တာ ဘာကြောင့် ၊
ဘာအတွက် ၊ အဖြေခက် ၊ နွေရက်ရှည်မော ...
စာအုပ်လေးပေါ် ဖွင့်ဟပြောဆိုခဲ့ရတယ် ။
သခင်မရဲ့ ...
ရွှေမျက်နှာ ၊ ညို မှာစိုး
မျက်ရည်မိုး ၊ ပြို မှာစိုး
အဲဒီ စိုးရိမ် ပူပန် လောကဓံတွေအကြား
သူမကို တစ်ကယ်ချစ်တာ ဆန်းလား ။
မင်းခသူ ကဗျာရေးသည် ။
ကောင်မလေး ကလေးဆန်သည် ။
ထိုသို့ဖြင့် ချစ်မိသွားလေသည် ။
ဒါက ဖြစ်လွယ် ပျက်လွယ် သင်္ခါရတရားမဟုတ်ဘူး
ဒါက ဝေလွယ် ကြွေလွယ် နွေရာသီမဟုတ်ဘူး
ရင်ဘတ်တူရင်စူးတဲ့ ဆူးတစ်ချောင်းသာဖြစ်တယ်....
အင်ပါယာလေး မိုးအုံ့နေသည်
ကျွန်တော်ကား မချော့တတ်သူသာ ဖြစ်သည်
စိတ်ပြေခဲ့သော် ....
ရယ်မော ရွှင်ပျော် ၊ ကျွန်တော့်ကို ဖုန်းခေါ်ပါ
မျက်ဝန်းမှာ မိုနာလီဇာရဲ့ ပန်းချီကားကို မြင်ရရဲ့
သူ့နှုတ်ခမ်းအကွေးမှာ ပန်းတွေကြွေပေးရတာ ဆန်းလား
ဒါပေမယ့် မမြင်မကန်းနဲ့လွမ်းရတာ ဆန်းတယ် ...
