မြ ကမ္ဘာ မြ လွှာနန်း
မြ ကြာပန်း မြ နှယ်
မြ ညှာလန်း မြအနွယ်မှာ
မြ အခြယ် မြ မှုန်း ။
မြ ပျိုးတဲ့ မြ မျိုးမေရာ
မြ ကြိုးရွှေ မြ ကွပ်သည့်နှုန်း ။
မြ ညှာလန်း မြအနွယ်မှာ
မြ အခြယ် မြ မှုန်း ။
မြ ပျိုးတဲ့ မြ မျိုးမေရာ
မြ ကြိုးရွှေ မြ ကွပ်သည့်နှုန်း ။
မြ သားနှင့် မြ ဖွားသူရယ်
မြ စကားဖြူ မြ အပြုံး
မြ ဖုရားသူ မြ နှလုံးနှင့်
မြ တကုံး မြ သွယ် ။
မြ တပင် မြ ယဉ်ဆင့်သူမို့
မြ သွင်တင့် မြ ပွင့်သို့နှယ် ။
မြ စကားဖြူ မြ အပြုံး
မြ ဖုရားသူ မြ နှလုံးနှင့်
မြ တကုံး မြ သွယ် ။
မြ တပင် မြ ယဉ်ဆင့်သူမို့
မြ သွင်တင့် မြ ပွင့်သို့နှယ် ။
မြ မကိုဋ် မြ ကြိုက်နွယ်ကို
မြ တိုက်ဝယ် မြ ကြငှန်းတင်လို့
မြ တစ်နန်း မြ တစ်ခိုင်မှာ
မြ ပိုင်စိုးပါ ၊
မြ သခင့် မြ ပွင့်လွှာရယ်
မြ ဆင့်ရာ မြ သွန်းသည့်လေး ။
မြ တိုက်ဝယ် မြ ကြငှန်းတင်လို့
မြ တစ်နန်း မြ တစ်ခိုင်မှာ
မြ ပိုင်စိုးပါ ၊
မြ သခင့် မြ ပွင့်လွှာရယ်
မြ ဆင့်ရာ မြ သွန်းသည့်လေး ။
မင်းခသူ ( လေးထပ်ကျော့စကြာတေးထပ် )