မမ သီရိ

လမင်းကို ကျွန်တော်ကြည့်နေသည် ။ တစ်စုံတစ်ယောက် တစ်စုံတစ်ရာကို 
ရင်ဘတ်ထဲ ကောက်ထည့်သွားသည် ။ လူယောင်ဆောင်ထားသော ကြယ် 
ငါးကလေးဟု သူမ ပြောသည် ။ ကြယ်ငါးကလေး လမင်းကို မကြည့်တော့
ပါ ။ ပင်လယ်ထဲလည်း မရောက်ခဲ့ပါ ။

သီချင်းသံသဲ့သဲ့ ကြားရသည် ။ " Flying Without Wings " သီချင်း
ဖြစ်ပါ၏ ။ ကြယ်ငါးကလေး ဆိုနေသည်လား ။ အတောင်ပံပါရင်ကော သူ
အဘယ်သို့ သွားမည်နည်း ။ လောက၌ လှပ၍တန်ခိုးကြီးသော စုန်းတို့ရှိ
သည် ။ သူမရင်ထဲမှာတော့ ကြယ်ငါးကလေး ဖျတ်ဖျတ်လူးနေသည် ။
ဝေးသွားခဲ့တာ ... ကြာပြီ ။
ခြေဦးတည့်ရာတွေကို ကျောခိုင်းမိမှ နောက်ဆုံးမြင်ခဲ့ရသော လရောင်ကို
သတိရသည် ။ အသည်းနှလုံးမရှိသူအတွက် ဆည်းဆာသည်အကျည်းတန်
နိုင်ပါလိမ့်မည် ။ စင်ရော်တောင်မျက်ခုံးတွေကို ကျွန်တော်မုန်းသည် ။ ဤ
ညသည် စေတန်၏လက်ရုံးတော် ပီသခဲ့သည် ။ မမြင်မစမ်း .... လွမ်းခဲ့ပြီ ။
အို ... သခင်
မျက်မမြင်တစ်ယောက်၏ ချစ်ခြင်းဖြင့် သင့်ကိုချစ်ခဲ့ပါသည် ။ ထိုသို့ဖြင့်ပင်
မိစ္ဆာတို့၏အပြုံးတို့လည်း ချစ်တတ်ခဲ့ချေပြီ ။ ကဝေတို့၏ နှုတ်ခမ်းကိုလည်း
နမ်းရဲချေပြီ ။ တခါတခါ ဘုန်းတော်ဘွဲ့ကဗျာမှာ နာနာဘာဝတို့လည်း လှပ
တတ်သည် မဟုတ်လော ။ သင့်ဘုန်းတော်ဘွဲ့မှာ ကျွန်တော်ပါဝင်ခွင့်ရှိပါရဲ့
လား ။ ကိစ္စမရှိပါ ။
ကြယ်ငါးသည် ကြယ်ငါးသာ ဖြစ်သည် ။ သင့်လက်ဖဝါးသည် ကြယ်ငါး၏
မနက်ဖြန်ဖြစ်သည် ။ ထိုခဏ၌ သင်ဆိုသောတေးသည် ဆေးဖြစ်၍ သင်
ဖွဲ့သောကဗျာသည် ကမ္ဘာဖြစ်သည် ။ ထိုခဏကိုပင် ကာလရှည်လျား၍
ထာဝရတည်သွားချင်ပါသည် ။ ကျွန်တော် မရောက်ရောက်အောင် သွား
မည် ။ နောက်ဆုံးမြင်ခဲ့ရသော လမင်းပြာ ( သို့မဟုတ် ) သိပ္ပံခေတ်ထဲက
ရာဇဓာတုကလျာ ရှိရာ တာမွေ ၊ ကျောက်မြောင်းဆီ .... ။

K သူ
Nov.14
2 0 1 5