အမျှော်စိုက်ဘွဲ့


 

တပင်တိုင် စွဲပိုင်မြင့်သူမို့
သည်းစိုင်နှင့် တမ်းမျှော်
လဲယိုင်ချင့် လမ်းပေါ်ဝယ်
လှမ်းမခေါ် သူ, စိမ်း ။
အကြည့်လွှဲ ကျောခိုင်းပြန်
ဇောလှိုင်းထန် မောင့်မှာမငြိမ်း ။

ဘယ်အတွက် အမုန်းသံကို
မဆုံးပြန် သူကြိမ်း
မရုန်းကန် အပူကိန်းလို့
အူအစိမ်း ပြတ်ကြွေ ။
ရာဇမာန် မျက်တော်ရှလေတော့
စက်ပျော်မရ သောကပွင့်ဝေ ။

ဒီဘ၀ သည်အမျှပြေကွယ်
ညီမမေ အခေါ်ကင်းရင်ဖြင့်
မပျော်ခြင်း ကျွမ်းရကံ
နွမ်းလျဖန်ဖန် ၊
အရှုံးနှင့် သုံးဉာဥ့်ယံမှာ
နှလုံးလွင့်ပျံ ကြွေကိန်းထင့်လေး ။


မင်းခသူ (အရိုးခံတေးထပ်)