ရာဝဏချစ်တဲ့ သီတာ


တစ်ဖက်သတ်အတွေး ဝေဒနာတစ်စနဲ့
အသက်ဆက်ရေး ကြေငြာမပြချင်ဘူး
ခေရှာရတဲ့ ကံကြမ္မာ ဝဋ်ကြွေးတွေကြောင့် 
မလွတ်သေးတဲ့ အလွမ်းဘုံဘဝဇာတ်မှာပဲ ... 
အဖုံဖုံကတတ်ခဲ့ပါပြီ မသီတာ ။

သည်ဘဝတွင် အရူးမီးဝိုင်းသလိုပေါ့
ဒီပ သခင် ဘီလူးကြီးသမိုင်းမှာ လည်း
ညီမ, အသင် အထူးစည်းဝိုင်းတာကြောင့်
အရိုင်းဘုရင့် ဘဝနှလုံးသားမှာတော့ ... 
ဪ .... အကျအရှုံးများစွာ ။

ခါးသီးစွာ သခင်ငြင်းပါလို့
ရှာမီးပမာ ဘဝင်တွင်းကိုဖြင့်
အစဉ်ညှင်းကာ မင်းစေရော့သလား
ဖြေလျှော့စရာ တစ်ကွက်လေးသော်မှ
မေတကျော့ညှာ ဖျက်မပေးနိုင်သတဲ့
မျက်နှာပေးတော် ညို ညိုအလှမှာ 
အို ..... အို ... ကျလာတဲ့ မျက်ရည်တွေဟာ
ရတတ်ပွေစရာ သူစေညွှန်း 
( မသီတာရယ် ... ) 
အမျက်ပြေပါ အပူတွေစွန်း ။

အမုန်းစေ .... 
နှလုံးကြွေ ဒီကမ္ဘာတလွှား
အရှုံးမြေ. သီတာထားခဲ့ပြီပေါ့ 
အမှားမဲ့သူ သစ္စာကလေးတွေလဲ
စကားနဲ့အတူ ပစ်ကာပြေးလေတဲ့
ဥပေက္ခာ သခင်မဖုရားကိုရယ်မှ 
( ကျွန်တော်က ... )
သမုနှစ်ကမ္ဘာ ဘုရင်မထားမယ်လို့
နှလုံးသားမှာ မျှော်ကိုးသမျှတွေလည်း
အဖော်ငြိုး အမုန်းစစ်ခင်းကာပဲ 
ကျွန်တော်မျိုး နှလုံးပစ်ခွင်းလာတဲ့
မင်းရာမ လေးချက်မိတာကြောင့် 
ဂီရိဆယ်ခိုင် မြေဝယ်ခလေတော့
ရာဝဏ အသက်ပျက်ကြွေယွန်းတယ်
( မသီတာရယ် .... )
ရက်စက်လေလွန်း ။


မင်းခသူ
2 0 1 5