လွမ်းလိပ်ပြာ






တကယ်နွမ်းလေတဲ့
ကြယ် လွမ်းသူပေါ့ မသီတာ ။

အစချီကာ ကဗျာမှုန်းတော့
အကြာဆုံး အဆွေးနေ့တွေပဲ
ထွေးပွေ့ ကြွေရှာ ... ။

သခင်မနမ်းတဲ့ ပန်းတစ်လွှာ
လန်းစရာ ဘယ်မရှိ ။

ထာဝရရွယ် အမြဲသာတမ်းပေမယ့်
ရာဝဏ၀ယ် အသည်းမှာကျွမ်းတယ်ကွဲ့
လှမ်းမျှော်ရင် သီတာရှိတယ်လို့သာ
မြင်မိပါ၏ ... ။

မင်းခသူ