♕ ယမုံသီတာ - အစချီ ကိုယ်တွင်းပြည့်ပိုဒ်စုံ ရတု ♕

ယမုံသီတာ ၊ လရောင်ဖြာဆင်း ၊
ရေလွှာလင်းကြည် ၊ ရာသီ ရွေ့နှောင်း ၊
စီရီပြောင်းကာ ၊ ရွက်ဝါ ကြွေလွင့် ၊
ဗျာပါဆင့်စေ ၊ ဝေးနေသက်ထား ၊
ဖြေနိုင်အား ပို ၊ လွမ်းတေးဆို ၍ ၊
နေလို ကိုယ်တည်း ၊ လောင်မြိုက်မီး သို့ ၊
ငြီးငြီး ငွေ့လျှံ ၊ အဖန်ဖန် ထပ် ၊
သံသရာစက် ၊ အိပ်မက် မှုန်ရီ ၊
ခက်ဝေသီ တိုင်း ၊ နဒီလှိုင်း မျှ ၊
သစ်မှိုင်း တင့်မော ၊ ထီးကျန်တော ၌ ၊
မော ဟိုက်ပန်းလျ ၊ နွမ်းဘဝ မို့ ၊
လွမ်းစာ့စေကာ ဆက်ခဲ့သည် ။    ။

   ဝသုံရီပြာ ၊ ညမှောင်လာ ရင်း ၊
ရှည်ကြာ ခင်းသည် ၊ ခါမှီ နေ့လောင်း ၊
သီရီညောင်း မှာ ၊ မျက်စာ ခြွေဝင့် ၊
မာလာပွင့်စေ ၊ ဆွေးပြေ လက်များ ၊
ခွေယိုင်လား ဆို ၊ ကျွမ်းဆွေးပို ၍ ၊
ဖြေလို ငိုညည်း ၊ ဆောင်လှိုက်ငြီး သို့ ၊
ထီးထီး မွေ့ကျန် ၊ အပြန်ပြန် ခတ် ၊
ဖန်တစ်ရာ မက် ၊ တိမ်ထက် ပုံစီ ၊
သက်နွေရီ ဝိုင်း ၊ ပလီ နှိုင်းလှ ၊
ရစ်သိုင်း ဝင့်ကြော ၊ မီးလျှံတော၌ ၊
ပြောခိုက် မှန်းဆ ၊ နန်းအလှ သို့ ၊
ကျွမ်းဗျာ့ဝေကာ ခက်ခဲ့သည် ။     ။

အမ္ဗုံနီတျာ ၊ လှရောင်ဝါ လင်း ၊
နေဇာဝင်း သည် ၊ စာစီမေ့ဟောင်း ၊
ကြည်(ကြယ်)ဆီသောင်းမှ ၊ မြွက်ကာစွေဝင့် ၊
စာလွှာ ဆင့်ခြွေ ၊ ကျေးစေ ငှက်သား ၊
တွေမှိုင်အား ပို ၊ စမ်းအေးစို ၍ ၊
ရေလို ပြိုစီး ၊ မှောင်မိုက်တည်း သို့ ၊
သီးသီး တွေ့မှန် ၊ ဝဿန် မာန်စက် ၊
ဖန်အခါ ပွက် ၊ မှိန်သက် စုံညီ ၊
ထက်ဗွေဆီ မှိုင်း ၊ စန္ဒီ တိုင်းမှ ၊
နှစ်သိုင်းစွင့် သော ၊ ကျည်းတန်တော ၌ ၊
ပြောလိုက်စမ်း ပါ့ ၊ ကျွမ်းဘဝ မို့ ၊
နန်းလှစေရာ မက်ခဲ့သည် ။      ။