မဏိစန္ဒာသို့...​လျှောက်​လဲချက်



အနာတရ ပန်းတစ်ပွင့်အစ
ဥဿာနန်းက မဏိစန္ဒာ...။

သူ့အကြည့်ဟာ ရင်မှာစွဲလို့
`` ငကျန် ´´ ခဗျာ မချင့်ရဲပေပေါ့
အစဉ်သာစိုး သူ့မျက်နှာ....။

ဟိုရင်ခါ မချစ်ဖူးခဲ့ပါဘူး
တစ်ခါမြင်ရုံ ရူးခဲ့သူ မို့
သြော်...ခင်ဦးငယ် ရေ
မင်းအလှမှာ ယစ်မူးနေတာ ။


ဖန်လာကံ အကြောင်းမလှလေတော့
အနော်ရထာ ရွှေမျက် စူးပါပေါ့...
အရိန္ဒမာ သစ္စာစွဲ လျက်
ပြေးထွက်ခဲ့ တစ်ပြေရွာ ။

ဝေးလျက်သွေခွာခဲ့စဉ်က
ဝေဒနာ ဒဏ်ရာလေးတွေနဲ့
ငကျန် မှာ မလိမ္မာခဲ့လေသမျှ
ခင်ဦးငယ် ရေ...
လွမ်းမိနေတာ ။

အနုရုဒ္ဓါ ရင်ခွင်ကြားမှာ
တပင်စံ မိဖုရားဘဝနှင့်
ရာဇမာန် ချီကာဝင့်
စံ, တင့်နေလား မဏိစန္ဒာ ။

သူလဲလွမ်းနေလား ရယ်လို့
အမှန်းခက်ကာ မသေချာ
ကျန်ရစ်တာ ကျန်စစ်ပါပဲ
ရှုံးအလံ လွှင့်ခဲ့ရသူပါ...။

အချစ်နဲ့စစ်မှာ မတရားပေမယ့်
အရှင့်သစ္စာ ထောက်ထားညှာငဲ့
နောက်ဆုတ်ခဲ့တယ် မဏိစန္ဒာ
မကြင်နာတာ မဟုတ်ရပါဘူး ။

သြော်....ခင်ဦးငယ် ရေ
ဝေဒနာ တွေစူးနေပါပေါ့
မပန်ရက် ၊ မဆင်ရက်
ပဏ္ဏာတော်ဆက်ခဲ့ပြီးမှ
မောင့်ရင်မှာ အနာတရနဲ့
အကြွေပန်းလေး မဏိစန္ဒာ ။ ။

==============❆==============

Written by✏ မင်းခသူ (ကဗျာ Diary)

1 . 6 . 2014 (Sunday)