ကြယ်​စင်​ပုံပြင်

ညစဉ်​​ကြွေကျသွားတဲ့
ကြယ်​စင်​​များ ဟာ....
သူမ မျက်​ရည်​​တွေပါ တဲ့

အလွမ်းအနန္တတိုင်ေ
ဆန္ဒ​တွေ ကမ္ဘာခြား...
အချစ်​ဆိုတာ
ဝတ်​ရည်​မဲ့ ပန်း​လေးပါပဲ ။

နေဝင်​ညတိုင်းရဲ့
မနက်​ဖြန်​ ​ရောက်​ရင်
သောက်​​နေကျ ​ကော်​ဖီတစ်​ခွက်​က
ခဏ ခဏ ခါးလာလိမ့်​ဦးမယ်
ငါ့ကို... အတိတ်​ပြန်​​ပေးပါ ။

အိမ်​မက်​​ဖောင်းပွမှု​တွေကြား
ဝေဝါးသွားရှာတဲ့
မျက်​ဝန်းအိမ်​ထဲမှာ
အလွမ်းတိမ်​ညိုတို့
ခဏ ခဏ ရွာတယ်​ ။

နွေ ​နွေ မိုး မိုး
ဘယ်​ရာသီမှ ညှိုးနွမ်းတဲ့
အိမ်​မက်​တစ်​ခြမ်း ထဲမှာ
လမင်း​လေး သာခဲ့​ပေးပါ ။

ဖမ်းဆုပ်​ခွင့်​မရ​တော့တဲ့
ဆံ​ကေသာတစ်​ချို့ကိုလွမ်းရင်း
လွမ်းရင်း....လွမ်းရင်း က
အဲဒီကြယ်​ပွင့်​....
ကြွေလွင့်​သွား​တော့တယ်​ ။                  

****************************