မောင့် အိမ်မက် မေ
တစ်ကိုယ်ရည်အဖြစ်မို့
အိုအေစစ်တော့လိုတယ်မေ ။
ချစ်ခြင်းပြည့်ဝပေမယ့်
(အဖော်ဆိုတာ....)
လစ်ဟင်းရသူပါလေ ။
လွမ်းနေကြောင်းကဗျာစေ
အလွှာတွေ , ကမ္ဘာခြား ။
ရင်ထဲမှာတော့
ကြင်သဲကညာ မေတပါးမို့
ဝေဝါးစွာ အနာဂတ် ရယ်က
ဖြေအားပါ အလာခက်တာကြောင့်
မကြာရက်မှာ တူကြင်ရမယ်လို့
ကိုယ်လေ
ဖြေသိမ့် လို့ထား ။ ။