ချယ်ရီတစ်ပွင့်ရဲ့ မျက်ဝန်းရာသီထဲမှာ
သမုဒယဖွဲဖွဲလေးရွာခဲ့တယ် ချယ်ရီ
တော်တော် ကြာ...ပါ....ပြီ ။
ဒါအချစ်ပါလို့ပြောရင်
သင် ... ယုံနိုင်မလား
ဒါပေမယ့်.....
သမုဒယရင်ခုန်သံကို
သင်မကြားခဲ့ပါပေ...။
ဆောင်းတစ်ပွင့်အတွက်
ကြွေပေးခဲ့ရတဲ့ မိုးရေများ
စီးဆင်းပြေးလွှား .....
အက်ကြောင်းတွေကြားမှာ
ဒါ....တစ်ကယ်ဖြစ်ခဲ့တယ် ။
သမုဒယဂီတကိုလဲ
သင်...မခံစားခဲ့ပါပေ ။
၅.၆.၂ဝ၁၄ ...
သင့်ရဲ့ ရိပ်မြုံလေးမှာ
တစ်ကယ်အေးခဲ့ရဖူးတယ် ။
လာမယ့်နွေရာသီတွေအတွက်
ထီးလိုလဲ မိုး ၊ ရိုကျိုးသိတတ်
ချစ်မြတ်ရည်စူး ၊ ချယ်ရီဦး ရေ
ဖူးပွင့်ညှာဝေ ၊ ရနံ့စေလို့
ကိုယ့်ကို အိပ်စက်စေပါ ။
ခဏဆိုပေမယ့်
မဝနိုင်သေးတဲ့ ချစ်ခြင်းများ
ရင်ချင်းဆက် ရင်ခုန်သံများ
အခု ....
ကိန္နရာချောင်းခြားခဲ့ရပြီ ။
" မေ "
ကမ္ဘာမြေတုန်ဟီးအောင်
အော်ခေါ်လိုက်ချင်ပါရဲ့...
မဖြစ်နိုင်ဘူး ၊ ရင်မှာစူးနစ်
မူးယစ်ပြိုလဲ ၊ မီးလျှံထဲသို့ ။
မျက်ဝန်းတစ်စုံနောက်
ခြေရာကောက်ကြည့်တော့
အနာဂတ်တွေ မှုန်ရီဝေဝါး
တစ်ဖြည်းဖြည်း ...
စည်းခြားသွားခဲ့ပြီ
ကြာ...ပြီ..... ချယ်ရီ ။
မျက်ရည်တစ်ပွင့်
ကြွေလွင့်ခြင်း အခမ်းအနား
သင့် နှုတ်ခမ်းဖျားမှာ .....
ငါ့အား.... မုန်းလှည့်ပါ ။
**************❀****************
မင်းခသူ (ကဗျာ Diary) minkhathu.blogspot.com/?m=0
တော်တော် ကြာ...ပါ....ပြီ ။
ဒါအချစ်ပါလို့ပြောရင်
သင် ... ယုံနိုင်မလား
ဒါပေမယ့်.....
သမုဒယရင်ခုန်သံကို
သင်မကြားခဲ့ပါပေ...။
ဆောင်းတစ်ပွင့်အတွက်
ကြွေပေးခဲ့ရတဲ့ မိုးရေများ
စီးဆင်းပြေးလွှား .....
အက်ကြောင်းတွေကြားမှာ
ဒါ....တစ်ကယ်ဖြစ်ခဲ့တယ် ။
သမုဒယဂီတကိုလဲ
သင်...မခံစားခဲ့ပါပေ ။
၅.၆.၂ဝ၁၄ ...
သင့်ရဲ့ ရိပ်မြုံလေးမှာ
တစ်ကယ်အေးခဲ့ရဖူးတယ် ။
လာမယ့်နွေရာသီတွေအတွက်
ထီးလိုလဲ မိုး ၊ ရိုကျိုးသိတတ်
ချစ်မြတ်ရည်စူး ၊ ချယ်ရီဦး ရေ
ဖူးပွင့်ညှာဝေ ၊ ရနံ့စေလို့
ကိုယ့်ကို အိပ်စက်စေပါ ။
ခဏဆိုပေမယ့်
မဝနိုင်သေးတဲ့ ချစ်ခြင်းများ
ရင်ချင်းဆက် ရင်ခုန်သံများ
အခု ....
ကိန္နရာချောင်းခြားခဲ့ရပြီ ။
" မေ "
ကမ္ဘာမြေတုန်ဟီးအောင်
အော်ခေါ်လိုက်ချင်ပါရဲ့...
မဖြစ်နိုင်ဘူး ၊ ရင်မှာစူးနစ်
မူးယစ်ပြိုလဲ ၊ မီးလျှံထဲသို့ ။
မျက်ဝန်းတစ်စုံနောက်
ခြေရာကောက်ကြည့်တော့
အနာဂတ်တွေ မှုန်ရီဝေဝါး
တစ်ဖြည်းဖြည်း ...
စည်းခြားသွားခဲ့ပြီ
ကြာ...ပြီ..... ချယ်ရီ ။
မျက်ရည်တစ်ပွင့်
ကြွေလွင့်ခြင်း အခမ်းအနား
သင့် နှုတ်ခမ်းဖျားမှာ .....
ငါ့အား.... မုန်းလှည့်ပါ ။
**************❀****************
မင်းခသူ (ကဗျာ Diary) minkhathu.blogspot.com/?m=0