ထိုသောညမှာ နှင်းဆီဝါ၏
သာယာပျံ့မွှေး ရနံ့လေးတို့
ဆွေးနွေးကုန်ကြ
သူ့အလှမှာ ...
လွမ်းရင်းပျော်စက်
ခန်းဆောင်ထက်၌
အိမ်မက်တမ်းချင်း
ရင်မှာခင်းတော့
ညင်းသွဲ့သံချို အို...
နတ်ပျိုသို့ ။
တိမ်ပြာဆုပ်ဖမ်း ရင်ခွင်နန်းတွင်
လွမ်းချင်းဂီတ နှုတ်ခွန်းမှခြွေ
သူသိစေပေါ့ ... ။
သစ္စာကိုင်ဆွဲ အချစ်ပွဲတွင်
နွှဲမည့်ဟန်ပြင် ရင်ခုန်စဉ်မှ
ကြွေကျနှင်းဆီ သူမ မည်၏ ။
ယုယ မြတ်နိုး ငါပျိုးသည့်ပန်း
မြေတွင်နွမ်းရော်
လေညင်းခေါ်ရာ
ဖော်မဲ့စွာဖြင့် သူလွင့်ပြီ
။
ကြေကွဲနစ်စူး ယစ်မူးလဲပြို
ငါမငိုဘူး ကန္တာဦးမှ
နွမ်းလျပျံသန်း အတောင်ပန်းလဲ
နမ်းမည့်နှင်းဆီ တွေ့ရမည်
။