မမသီရိ သို့ ပေးစာ

အဖြေမောခက် ၊ နွေကြောရက်ရှည်
ရတက်ပွေ မူ  ၊ ရင်အပူ လိမ်း ...
ကြင်သူ စိမ်းရက် ၊ ရှောင်တိမ်းထွက်သွား
သြော် ... အလွှာခြားတော့
ရက်များ ဆွေးလို့ ဝေးခဲ့ချိန် ... ။
   ထာဝရ နှစ် ၊ ကာလဖြစ်သော
သစ္စာရောယှက် ၊ နှစ်ပါးဇာတ်တွင်
မနက်မိုးသောက် ၊ အိမ်မက်ပျောက်သို့
နှောက်သည့် ဘဝင် ၊ ကြင်သူ ခင်က
ဘယ်ဒေသ ရပ် ၊ အစိမ်းခက် ချိုး
တိမ်းထွက်နိုးဟု ၊ ရင်ကျိုး တမ်းတ
လွမ်းသမျှ ဒဏ် ၊ မှန်းဆပြန်လည်း
ကန္တာရထဲ နှင်းပျောက်သလို ... ။

သြော် ...
မချစ်ကြင်လို ၊ သစ်ပင်ကို စိုက်
ငြိုငြင်ခိုက်မှ ၊ ပွင့်သမျှ ပန်း
ဘယ်သူနမ်းဟု ၊ လျစ်လျူရှုထား
သူ့ စကားတွေ ၊ ညုအားလေရက်
အဖြေခက် မိ ၊ ဘယ်သူသိလည်း
ရှုံးမည့်ပွဲ တွင် ၊ သခင် ငြင် ငြို
ကိုယ့်ကိုလေ ...
မကြင်လိုလျင်လည်း သွားပါ့မည် ။